မြန်မာနိုင်ငံနှင့် ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသတို့အကြား လေကြောင်းပို့ဆောင်ရေး သဘောတူစာချုပ် လက်မှတ်ရေးထိုး၊ လေကြောင်းလိုင်းများ လွတ်လပ်သော ပျံသန်းခွင့်များဖြင့် ပျံသန်းနိုင်မည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာနိုင်ငံနှင့် ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသတို့အကြား လေကြောင်းပို့ဆောင်ရေး သဘောတူစာချုပ် လက်မှတ်ရေးထိုး၊ လေကြောင်းလိုင်းများ လွတ်လပ်သော ပျံသန်းခွင့်များဖြင့် ပျံသန်းနိုင်မည်



MNP ၊ စက်တင်ဘာ ၂၉

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် ယမန်နေ့က တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ ဟောင်ကောင်မြို့ရှိ ဗဟိုအစိုးရရုံး အဆောက်အအုံ၌ကျင်းပသည့် မြန်မာနိုင်ငံနှင့် ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသတို့အကြား လေကြောင်းပို့ဆောင်ရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲ အခမ်းအနားသို့ တက်ရောက်သည်။


အခမ်းအနားတွင် ဒုတိယဝန်ကြီးနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟောင်ကောင်အထူး အုပ်ချုပ်ခွင့်ရဒေသ ပို့ဆောင်ရေးနှင့်ထောက်ပံ့ပို့ဆောင်ရေးဌာန ဝန်ကြီးတို့က သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးကြပြီး အမှာစကားများ ပြောကြားကြသည်။


အခမ်းအနားသို့ ဟောင်ကောင်မြို့ရှိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ ကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ်ဦးဟန်ဝင်းနိုင်၊ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ အရာထမ်းများ၊ မြန်မာအမျိုးသားလေကြောင်းနှင့် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းတို့မှ ကိုယ်စားလှယ်များ၊ ဟောင်ကောင်အထူးအုပ်ချုပ် ခွင့်ရဒေသပို့ဆောင်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးဌာန၊ မြို့ပြလေကြောင်းဦးစီးဌာနနှင့် လေဆိပ်အာဏာပိုင်အဖွဲ့တို့မှ အရာထမ်းများ တက်ရောက်ခဲ့ကြသည်။


အဆိုပါ သဘောတူစာချုပ်အရ မြန်မာနိုင်ငံနှင့် ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသတို့မှ လေကြောင်းလိုင်းများသည် ပိုမိုလွတ်လပ်သော ပျံသန်းခွင့်များဖြင့် ခရီးသည်တင်နှင့် ကုန်စည်တင်လေကြောင်းခရီးစဉ်များကို အပြန် အလှန် ပျံသန်းနိုင်မည်ဖြစ်သည်။


ထို့အပြင် ဒုတိယဝန်ကြီးနှင့် မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်များသည် Hong Kong International Aviation Academy ၏ President Mr. Simon Li ၏ ဖိတ်ကြားချက်အရ စက်တင်ဘာ ၂၇ ရက် မွန်းလွဲပိုင်းတွင် ဟောင်ကောင်မြို့ရှိ Hong Kong International Avia-tion Academy သို့ သွားရောက်လေ့လာခဲ့ကြပြီး လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များနှင့်စပ်လျဉ်း၍ နှစ်ဖက်အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)