မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း၏ အဋ္ဌမ အကြိမ်မြောက် အသင်းသားစုံညီနှစ်ပတ်လည် အထွေထွေ အစည်းအဝေးကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း၏ အဋ္ဌမ အကြိမ်မြောက် အသင်းသားစုံညီနှစ်ပတ်လည် အထွေထွေ အစည်းအဝေးကျင်းပ









MNP ၊ စက်တင်ဘာ ၂၃

မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း၏ အဋ္ဌမအကြိမ်မြောက် အသင်းသားစုံညီနှစ်ပတ်လည် အထွေထွေ အစည်းအဝေးကို ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်နေ့တွင် Hybrid စနစ်ဖြင့် အသင်းချုပ် မင်္ဂလာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ကုန်သည်စက်မှုအသင်းချုပ်၏ ညီနောင်အသင်းဖြစ်သည့်  မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များ အသင်း(MYEA) သည် အသင်း မဖြစ်ပေါ်မီ ကုန်သည်စက်မှုအသင်းချုပ်တွင် MYEG အဖြစ် ၂၀၀၈ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ရာ ၂၀၁၂ခုနှစ်မှာ မြန်မာနိုင်ငံအဆင့်အသင်းအဖြစ် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

အခမ်းအနားတွင် မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ  ဒေါက်တာအောင်သူရ က ''ယနေ့နံနက်က  ၂၀၂၃ -၂၀၂၆ ခုနှစ်အမှုဆောင်သက်တမ်း ရွေးကောက်ပွဲကို ကျင်းပခဲ့ပါတယ်၊ တာဝန်ယူမဲ့ Board အဖွဲ့ကို ရွေးကောက်ခဲ့ပါတယ်၊ ပြောင်းလဲမှုတစ်ခုလုပ်ချင်ရင် တစ်ဦးတစ်ယောက်ချင်းစီ၏ အသံထက် အသင်းအဖွဲ့မှာ ပါဝင်ဆောင်ရွက်မှသာ သူ၏အသံကို ကြားနိုင်မှာ ဖြစ်ပါတယ်။ စီးပွားရေးပတ်ဝန်းကျင်ကောင်း ဖြစ်ဖို့ တစ်ဦးချင်းစီကအသင်းအဖွဲ့တွေ၊ အဖွဲ့အစည်းတွေနဲ့ချိတ်ဆက် ဆောင်ရွက်ရမှာဖြစ်ပါတယ်၊ ကျွန်တော်တို့အသင်းမှာ တန်ဖိုး

မဖြတ်နိုင်သော အသင်းသားအင်အားရှိပါတယ်၊ အသင်းဝင်များဟာ အတော်ဆုံး၊ အထက်မြက်ဆုံးသော လူငယ်လုပ်ငန်းရှင်များ ဖြစ်ပါတယ်၊ အသင်းတစ်ခုအောင်မြင်ဖို့ လုပ်ငန်းတွေဆောင်ရွက်တာအပြင်အသင်းသားတွေပျော်ရွှင်ဖို့လည်း လိုပါတယ်၊အသင်းသားတွေအချင်းချင်းခင်မင်ဖို့လိုတယ်၊စည်းရုံးဖို့လိုပါတယ်'' ဟု ပြောကြားခဲ့သည်။

ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်းက ''ယနေ့တွင် လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း၏ ရွေးကောက်ပွဲမှာအသင်း၏ဖွဲ့စည်းပုံစည်းမျဉ်းနှင့်အညီ အမှုဆောင်အဖွဲ့ဝင်များကို စနစ်တကျ ရွေးချယ်တင်မြှောက်ခဲ့သည်ကိုတွေ့ရပါကြောင်း၊ ကမ္ဘာအနှံ့ ပြောင်းလဲနေတဲ့ စီးပွားရေးလုပ်ငန်းများကို အချိန်နဲ့တပြေးညီ လေ့လာပြီး လိုအပ်တဲ့ တထောင့်တနေရာကနေ ကူညီပံ့ပိုးပေးဖို့အတွက် လူငယ်လုပ်ငန်းရှင်များရဲ့ စွမ်းဆောင်မှုလိုအပ်ပါကြောင်း၊စီးပွားရေး လုပ်ငန်းဆောင်ရွက်သည့်နေရာမှာ လိုအပ်သည့် နည်းပညာ၊အရည်အချင်းများ ပိုင်ဆိုင်ထားရုံနဲ့ မလုံလောက်ပဲ၊ အတွေ့အကြုံ ဗဟုသုတများကို မျှဝေပြီး လမ်းကြောင်းမှန်ပေါ် ရောက်အောင် တည့်မတ်ပေးနိုင်သည့် ရှေ့ဆောင်လမ်းပြတွေလည်း လိုအပ်မှာ ဖြစ်ကြောင်း၊ အသင်းချုပ်အနေဖြင့် ပုဂ္ဂလိက စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းစဉ်များ ပါဝင်ဆောင်ရွက်ရာမှာ အရည်အသွေးပြည့်ဝသည့်လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များ

အပါအဝင် ကဏ္ဍစုံ၊ နယ်ပယ်စုံမှ ညီနောင်အသင်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း''ပြောကြားခဲ့သည်။

အခမ်းအနားတွင်မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များ အသင်း၏ အကြံပေး ဒေါက်တာဝင်းစည်သူကလည်း ဂုဏ်ပြုအမှာစကားပြောကြားခဲ့သည်။

၂၀၂၃ခုနှစ် ၊ စက်တင်ဘာလ (၂၃)ရက်နေ့ နံနက်ပိုင်းက ကုန်သည်စက်မှုအသင်းချုပ် ၊ မင်္ဂလာခန်းမ၌မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း၏  ၂၀၂၃ - ၂၀၂၆ ခုနှစ်သက်တမ်း အမှုဆောင်အဖွဲ့ ရွေးချယ်တင်မြှောက်ပွဲကို အသင်း၏ဖွဲ့စည်းပုံစည်းမျဉ်းနှင့်အညီ  ကျင်းပပြုလုပ်ခဲ့ပြီး ဥက္ကဋ္ဌ အဖြစ် ဒေါ်သင်းသင်းကျော်ကို ရွေးချယ်တင်မြှောက်ခဲ့ကြသည်။

အခမ်းအနားတွင် အမှုဆောင်ဒါရိုက်တာအဖွဲ့သစ်များစာရင်းကို ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်ကိုကို က ဖတ်ကြားခဲ့သည်။

၂၀၂၃-၂၀၂၆ ခုနှစ်အမှုဆောင်သက်တမ်းအတွက် ရွေးချယ်တင်မြှောက်ခံရသောဥက္ကဋ္ဌ ဒေါ်သင်းသင်းကျော်က ''  ဥက္ကဋ္ဌ ရာထူးအဖြစ် ကျွန်မကို ယုံယုံကြည်ကြည်နဲ့ ရွေးချယ်ခဲ့တဲ့အတွက်  အမှုဆောင်များနဲ့ အသင်းသားများအားလုံးကို အထူး ကျေးဇူးတင်ရှိပါတယ်၊ ကျွန်မတို့အသင်းက လူငယ်တွေဖြစ်တဲ့အတွက် လူကြီးတွေဆီက လူငယ်တွေရဲ့ လိုအပ်တဲ့ ဆောင်ရွက်ရမဲ့ကိစ္စတွေကို  သင်ယူလိုပါတယ်၊ အသင်းရဲ့   Guidelineတွေနဲ့အညီ ပိုပြီးအားကောင်းလာတဲ့ အသင်းဖြစ်အောင် ကိုယ်စွမ်းဉာက်စွမ်းရှိသ၍ ကြိုးစားဆောင်ရွက်သွားပါမယ်လို့ ကတိပြုပါတယ်၊ ကျွန်မတို့ လူငယ်တွေမှာ  ငွေထက် Creative Idea, Innovative Idea တွေရှိတယ်၊ လုပ်နိုင်ကိုင်နိုင်တဲ့စွမ်းရည်ရှိတယ်၊ အသင်းအကျိုး၊ နိုင်ငံ့အကျိုးအတွက် Network တွေအများကြီးတိုးချဲ့ပြီး အကောင်းဆုံးကြိုးစားသွားပါမယ်'' ဟုပြောကြားခဲ့သည်။ 

ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်း၊ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသော  ဒေါက်တာမျိုးသက်၊ ဒေါက်တာဝင်းစည်သူ၊ ဦးဆန်းလင်း ၊တွဲဖက်အထွေထွေအတွင်းရေးမှူးများဖြစ်ကြသော ဦးကျော်ဒေဝ၊ ဦးအောင်ဇေယျာလွင် ၊ဦးရဲမြင့်မောင်၊ ဦးဇော်မင်းသန့် ၊ MYEA အသင်း နာယက ဒေါက်တာအောင်သူရ၊ ဥက္ကဋ္ဌ ဒေါ်သင်းသင်းကျော်၊အထွေထွေအတွင်းရေးမှူး၊ တွဲဖက်အထွေထွေအတွင်းရေးမှူးများ၊  အမှုဆောင်ဒါရိုက်တာများ၊အမှုဆောင်များ၊ အသင်းသူ၊အသင်းသားများစုံလင်စွာ တက်ရောက်ခဲ့ကြသည်။


Photo - UMFCCI

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)