(၁၉) ကြိမ်မြောက်အာရှအားကစားပြိုင်ပွဲသို့ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် မြန်မာအားကစားအဖွဲ့ ထွက်ခွာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၁၉) ကြိမ်မြောက်အာရှအားကစားပြိုင်ပွဲသို့ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် မြန်မာအားကစားအဖွဲ့ ထွက်ခွာ




MNP ၊ စက်တင်ဘာ ၂၂

၂၀၂၃ခုနှစ်၊ စက်တင်ဘာ (၂၃) ရက်မှအောက်တိုဘာ (၈) ရက်အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟန်ကျိုးမြို့တွင် ကျင်းပပြုလုပ်မည့် (၁၉) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲသို့ တက်ရောက်မည့် မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံနှင့်အတူ အုပ်ချုပ်မှုအဖွဲ့(၆)ဦး၊ ဝူရှူးအားကစားနည်းမှ ဒုတိယဥက္ကဋ္ဌနှင့် နည်းပြ (၁) ဦး ၊ အမျိုးသား အားကစားသမား (၁) ဦး၊ အမျိုးသမီးအားကစားသမား (၃) ဦး၊ တိုက်ကွမ်ဒိုအားကစားနည်းမှ အုပ်ချုပ်/နည်းပြ (၁) ဦးနှင့် အမျိုးသားအားကစားသမား (၁) ဦး တို့သည် ယနေ့နံနက် ၁၁ နာရီ ၂၅ မိနစ်တွင် တရုတ်နိုင်ငံသို့ ထွက်ခွာသွားရာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ ယဉ်ကျေးမှုသံမှူး Mr.Pan Feng ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဥပဒေချုပ်ဦးဌေးအောင်နှင့် အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ လိုက်လံပို့ဆောင် နှုတ်ဆက်ကြသည်။

(၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့အနေဖြင့် အမျိုးသားဘောလုံး/ အမျိုးသမီးဘောလုံး၊ ဝူရှူး၊ တိုက်ကွမ်ဒို၊ လှေလှော်၊ E-Sports၊ မြားပစ်၊ ပိုက်ကျော်ခြင်း အားကစားနည်း (၇) မျိုး ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပြီး စက်တင်ဘာ ၁၆ ရက်က အမျိုးသားဘောလုံးအသင်း၊ စက်တင်ဘာ ၁၉ ရက်က အမျိုးသမီးဘောလုံးအသင်း၊ စက်တင်ဘာ ၂၁ ရက်က မြန်မာ E-Sports(AOV) အသင်းတို့ ထွက်ခွာသွားခဲ့ကြပြီး ဆက်လက်၍ စက်တင်ဘာ ၂၄ ရက် တွင် မြန်မာE-Sports(PUBGM) အသင်း၊ စက်တင်ဘာ ၂၆ ရက်တွင် မြန်မာE-Sports(Dota-2) အသင်း၊ စက်တင်ဘာ ၂၉ ရက်တွင် မြားပစ်နှင့် ပိုက်ကျော်ခြင်းအသင်း၊ အောက်တိုဘာ ၂ ရက်တွင် လှေလှော်အသင်းတို့ ဆက်လက်ထွက်ခွာ သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)