မြစ်သားမြို့နယ်တွင် မှုခင်းကြိုတင်ကာကွယ်ရေးနှင့် မှုခင်းအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြစ်သားမြို့နယ်တွင် မှုခင်းကြိုတင်ကာကွယ်ရေးနှင့် မှုခင်းအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ




MNP ၊  စက်တင်ဘာ  ၃၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့  ကျရောက်မည့် (၅၉) နှစ်မြောက်   မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို  ကြိုဆိုဂုဏ်ပြုသောအားဖြင့်  မှုခင်းကြိုတင်ကာကွယ်ရေးနှင့် မှုခင်းအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို ယနေ့နံနက် (၉) နာရီအချိန်က ရွှေစောလူး/ရွှေစောယွန်းဘုရားရှေ့ ဗိုလ်ချုပ်လမ်းမကြီးပေါ်တွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ထိုသို့ဆောင်ရွက်ရာတွင် မြစ်သားမြို့မရဲစခန်းမှ စခန်းမှူးဇော်ဝမ်း၊ ဒုရဲအုပ်ဝင်သီတာနှင့် ရဲတပ်ဖွဲ့ဝင်များ

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းအဖွဲ့ သည်လမ်းသွားလမ်းလာပြည်သူများသိစေရန်အတွက်ယာဥ်အန္တရာယ်ကင်းရှင်းရေး၊ ယာဥ်စည်းကမ်းလမ်းစည်းကမ်း သိရှိလိုက်နာစေရေး၊ ယာဥ်တိုက်မှု မဖြစ်ပွားစေရေး၊ ယာဥ်ကြောပိတ်ဆိုမှု မရှိစေရေးတို့အတွက် ယာဥ်စည်းကမ်းလမ်းစည်းကမ်းများ လိုက်နာဆောင်ရွက်ရေး၊ မော်တော်ဆိုင်ကယ်မောင်းနှင်စီးနင်းရာတွင် ဆိုင်ကယ်ဦးထုပ်အား မဖြစ်မနေဆောင်းကြရန် ယာဥ်တိုက်မှုဖြစ်လာခဲ့လျှင် ဖြစ်ပေါ်လာမည့်  ဆိုးကျိုးအန္တရာယ်များနှင့် အရေးယူအပြစ်ပေးနိုင်မည့် ဥပဒေပုဒ်မများကို အသိပညာပေးပြီး  မှုခင်းကြိုတင်ကာကွယ်ရေးနှင့်  မှုခင်းအသိပညာပေး လက်ကမ်းစာစောင်များကို  ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။


ဝင်းမင်းထွန်း 

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)