ရန်ကုန်တိုင်းဒေသကြီး၌ တတိယအကြိမ် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲအား ထပ်ဆင့်ရှင်းလင်းခြင်းအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကုန်တိုင်းဒေသကြီး၌ တတိယအကြိမ် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲအား ထပ်ဆင့်ရှင်းလင်းခြင်းအခမ်းအနား ကျင်းပ


MNP ၊  စက်တင်ဘာ  ၃၀

ဥပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်ဥပဒေချုပ်များ၊ တိုင်းဒေသကြီး/ပြည်နယ်ဥပဒေအရာရှိများ၏ တတိယအကြိမ် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲအား ထပ်ဆင့်ရှင်းလင်းခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် ဦးဌေးအောင်၊ ရန်ကုန်တိုင်းဒေသကြီး တိုင်းဥပဒေအရာရှိ ဦးမောင်မောင်တာ၊ ခရိုင်ဥပဒေရုံးများနှင့် မြို့နယ်ဥပဒေရုံးများတွင် တာဝန်ထမ်းဆောင်လျက်ရှိကြသော ဥပဒေအရာရှိ (၁၃၂)ဦး တက်ရောက်ခဲ့ကြသည်။


ဦးစွာ ရန်ကုန်တိုင်းဒေသကြီးဥပဒေချုပ် ဦးဌေးအောင်က အဖွင့်အမှာစကားပြောကြားရာတွင် တာဝန်ထမ်းဆောင်လျက်ရှိကြသော ဥပဒေအရာရှိများအနေဖြင့် မိမိတို့၏ တာဝန်ဝတ္တရားများကို ထမ်းဆောင်ရာတွင် နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ် ဦးတည်ချက်(၉)ရပ်တို့ကို လုပ်ငန်းလမ်းညွှန်အဖြစ် ခံယူ၍ ဆောင်ရွက်ကြရန်နှင့် အဂတိတရားကင်းရှင်းစွာ ဆောင်ရွက်ကြရန်၊ ဝန်ထမ်းအားလုံး စည်းလုံးညီညွတ်စွာ နေထိုင်ကြရန် ပြောကြားခဲ့သည်။


ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး၊ တိုင်းဥပဒေအရာရှိ ဦးမောင်မောင်တာက ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦးတို့၏ လမ်းညွှန်မှာကြားချက်များကို ပရိုဂျက်တာဖြင့် ထပ်ဆင့်ရှင်းလင်းခဲ့ပြီး အခမ်းအနားတက်ရောက်လာသော ဥပဒေအရာရှိများက မိမိတို့၏ လုပ်ငန်းဆောင်ရွက်မှုများ၊ အခက်အခဲများကို တင်ပြခဲ့ရာ တိုင်းဥပဒေချုပ်နှင့် တိုင်းဥပဒေအရာရှိတို့က ညှိနှိုင်းဖြေရှင်းပေးခဲ့ကြပြီး တိုင်းဥပဒေချုပ် ဦးဌေးအောင်က နိဂုံးချုပ်စကား ပြောကြားခဲ့‌ကြောင်း သိရသည်။


အောင်မြင့်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)