မောက်မယ်မြို့နယ်၌ ပြည်နယ်အဆင့်အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဝင်များအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မောက်မယ်မြို့နယ်၌ ပြည်နယ်အဆင့်အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဝင်များအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ







MNP ၊  စက်တင်ဘာ  ၃၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင် ၊ မောက်မယ်မြို့နယ် နမ့်ယွမ်းခန်းမတွင် ယမန်နေ့နေ့လယ် ၁ နာရီက ၂၀၂၃ခုနှစ် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြည်နယ်အဆင့် ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ခဲ့သော လင်းခေးခရိုင်ကိုယ်စားပြု ပြိုင်ပွဲဝင်ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဝင်းက အဖွင့်အမှာစကား ပြောကြားပြီး  အ.ထ.ကကျောင်းသူလေးများက “လောကအားမာန်”သီချင်းဖြင့် အဖွင့်ဖျော်ဖြေတင်ဆက်ပြီး အ.လ.က(ခွဲ)စျေးတန်းကျောင်းမှ ကျောင်းသား/ကျောင်းသူလေးများက ရှမ်းတိုင်းရင်းသားအကဖြင့် ကြိုဆိုဂုဏ်ပြုဖျော်ဖြေခဲ့သည်။ ဆက်လက်၍ ၂၀၂၃ခုနှစ် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြည်နယ်အဆင့် ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ခဲ့သည့် အခြေခံပညာအဆင့် အသက်(၁၅နှစ်မှ၂၀)နှစ်အတွင်း(အမျိုးသမီး) မရွှေနဒီပွင့်က တစ်ပင်တိုင်အကဖြင့်လည်းကောင်း၊ အခြေခံပညာအဆင့် အသက်(၁၅နှစ်မှ၂၀)နှစ်အတွင်း(အမျိုးသမီး) ခရိုင်ကိုယ်စားပြုကဗျာလွတ်အကဖြင့်လည်းကောင်း၊ မိုင်းပန်မြို့နယ် ရှမ်းတိုင်းရင်းသားရိုးရာအကအဖွဲ့မှ ကပြဖျော်ဖြေတင်ဆက်ပြီး ပြည်နယ်အဆင့်ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ခဲ့သည့် လင်းခေးခရိုင် ကိုယ်စားပြု ပြိုင်ပွဲဝင်ကျောင်းသူများအား ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဝင်းက ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးချီးမြှင့်ပေးအပ်ကာ မောက်မယ်မြို့နယ် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူလေးများက တိုင်းရင်းသားရိုးရာအကများဖြင့် ဂုဏ်ပြုဖျော်ဖြေခဲ့ကြသည်။


အခမ်းအနားသို့ လင်းခေးစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မောက်မယ်မြို့နယ်၊ လင်းခေးမြို့နယ်၊ မိုင်းပန်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့်အဖွဲ့ဝင်များနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းသားမိဘများ၊ ဆရာ/ဆရာမများနှင့်ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။ 


စိုင်းမျိုးသန့်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)