ဝါးခယ်မမြို့နယ်အတွင်း ဆန်စက်ဝန်ထမ်းများနှင့် အခြေခံလူတန်းစားများအား ဆန်(၁)ပြည်နှုန်း အခမဲ့ထောက်ပံ့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဝါးခယ်မမြို့နယ်အတွင်း ဆန်စက်ဝန်ထမ်းများနှင့် အခြေခံလူတန်းစားများအား ဆန်(၁)ပြည်နှုန်း အခမဲ့ထောက်ပံ့

 



MNP ၊  စက်တင်ဘာ  ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ယနေ့နံနက် ၁၁ နာရီအချိန်က ထော်ကနွတ်ရပ်ကွက်၊ အောင်သိဒ္ဓိဆန်စက်တွင် ဆန်စက်ဝန်ထမ်းများနှင့် အခြေခံလူတန်းစားများအား ဆန်(၁)ပြည်နှုန်းအခမဲ့ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


ဝါးခယ်မမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် အဖွဲ့ဝင်များမှ ဆန်စက်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌနှင့် ပူးပေါင်း၍ ဝါးခယ်မမြို့နယ်၊ ထော်ကနွတ်ရပ်ကွက်၊ အောင်သိဒ္ဓိဆန်စက်တွင် ဆန်စက်ဝန်ထမ်းများနှင့် အခြေခံလူတန်းစားများအား စားဝတ်နေရေး အဆင်ပြေချောမွေ့စေရန်အတွက် အိမ်ထောင်စုတစ်စုလျင် ဆန်(၁)ပြည်နှုန်းဖြင့် အခမဲ့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


ဟိန်းထက်လင်း

https://t.me/MyanmarNationalPost




No comments:

Post a Comment