ကယားပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ကယားပြည်နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းတို့ ပူးပေါင်းပြီး ပြည်သူများအား ဈေးနှုန်းသက်သာစွာဖြင့် စားသုံးဆီများရောင်းချပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကယားပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ကယားပြည်နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းတို့ ပူးပေါင်းပြီး ပြည်သူများအား ဈေးနှုန်းသက်သာစွာဖြင့် စားသုံးဆီများရောင်းချပေးလျက်ရှိ




MNP ၊  စက်တင်ဘာ  ၁၅

ကယားပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ကယားပြည်နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းတို့ပူးပေါင်းပြီး လွိုင်ကော်မြို့နယ်တွင် ပြည်သူများအား စားသုံးဆီးများကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျှက်ရှိသည်။


ထို့သို့ဆောင်ရွက်ရာတွင် လွိုင်ကော်မြို့နယ်ရှိ ပြည်သူများစားသုံးဆီများကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရေးအတွက် တာဝန်ရှိသူများက နေရာများအလိုက် ရောင်းချပေးလျှက်ရှိရာ လွိုင်ကော်မြို့ပေါ်ရှိ ပန်ကန်း၊ နောင်ယား (က) (ခ)၊ မင်းစုရပ်ကွက်များနှင့် ဌာနဆိုင်ရာများတွင် ဈေးရောင်းကား ၂ စီးတို့ဖြင့်လည်းကောင်း၊  လွိုင်ကော်မြို့ပေါ်ရှိ မိုးကောင်းကင်၊ ကောင်းမြတ်စံ၊ ရွှေသဝဏ်၊ ဗဟိုဒိုင်ရီ၊ တော်ဝင်သဇင်၊ မဟာဖြိုး၊ ပန်းသဇင်၊ အန်းကူကုန်စုံဆိုင်၊ ယုဇန၊ ရွှေတောင်ဆိုင်၊ ဦးမြချမ်းကုန်စုံဆိုင်စသည့် ကုန်စုံဆိုင် (၁၁) ဆိုင်တို့တွင်လည်းကောင်း ရောင်းချပေးလျှက်ရှိသည်။


အဆိုပါစားသုံးဆီကို စက်တင်ဘာလ ၁၂ ရက်နေ့မှ ၁၆ ရက်နေ့အထိ နေ့စဉ်နံနက် ၈နာရီခွဲအချိန်မှစပြီး သတ်မှတ်နေရာများတွင် စားအုန်းဆီ (၁၉၈၀၀၀) ပိဿာချိန်ကို တစ်ဦးလျှင် ၁ ပိဿာ (၄၆၀၀) ကျပ်နှုန်းဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရှိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment