နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးထားသော ဆင်းသုခစပါးစိုက်ခင်းသို့ တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးထားသော ဆင်းသုခစပါးစိုက်ခင်းသို့ တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု့




MNP ၊  စက်တင်ဘာ  ၁၅

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့ သမဝါယမဦးစီးဌာနမှမြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများသည် ဥက္ကံကျေးရွာအုပ်စုတွင် ကျေးရွာစိုက်ပျိုးရေးအသင်းသားများ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးထားသော မိုးစပါးစိုက်ခင်းများသို့ ကွင်းဆင်းကြည့်ရှု့ခဲ့ကြောင်း သိရသည်။


နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆင်သုခစပါးမျိုး ၅ ဧကစိုက်ပျိုးထားရာ စပါးသက်တမ်း ၁၀၅ ရက်ရှိပြီဖြစ်ကြောင်း နောက် ၁၅ ရက်အကြာတွင် စတင်ရိတ်သိမ်းတော့မည်ဖြစ်ကြောင်း တစ်ဧကအထွက်နှုန်းအား တင်း ၁၂၀ ခန့်မှန်းထားကြောင်း ဥက္ကံကျေးရွာအုပ်စု ကျွန်းကုန်းကျေးရွာ ကျွန်းသာယာစိုက်ထွေသမအသင်းမှ အသင်းသားတောင်သူ ဦးတင်ဝင်းထံမှ သိရသည်။


ဥက္ကံကျေးရွာအုပ်စုတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် တောင်သူ ၁၂ ဦးမှ ဧကပေါင်း ၅၃ ဧက စိုက်ပျိုးထားကြောင်း တစ်မြို့နယ်လုံးအတိုင်းအတာဖြင့် ကျေးရွာစိုက်ပျိုးရေးအသင်း ၇ သင်းမှ အသင်းသားတောင်သူ ၇၁ ဦး၏ လယ်ဧက ၄၀၀ တွင် မိုးစပါးမျိုးများဖြစ်သော ဆင်းသုခစပါး၊ ရတနာတိုးစပါးမျိုးတို့ကို စိုက်ပျိုးထားကြောင်း မြို့နယ်သမဝါယမဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးသန်းဌေးထံမှ သိရသည်။


ဇေယျာထွန်း 

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)