MNP ၊ စက်တင်ဘာ ၁၅
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ် အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးရုံး၏ ၂၀၁၂ ခုနှစ် လူမှုဖူလုံရေး ဥပဒေနှင့်အညီ အလုပ်တွင်ထိခိုက်သေဆုံးမှုကြောင့် ကျန်ရစ်သူ(ငွေလုံးငွေရင်း) အကျိုးခံစားခွင့်ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ ၁၁ နာရီအချိန်က ချောက်မြို့ လူမှုဖူလုံရေးရုံးတွင် ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားသို့ အလုပ်သမားဝန်ကြီးဌာန၊ ချောက်မြို့နယ်ရှိ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၊ အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန တာဝန်ရှိသူများနှင့်ဝန်ထမ်းများ၊ ဖိတ်ကြားထားသူများတက်ရောက်ကြပြီး မြို့နယ်လူမှုဖူလုံရေးရုံး မြို့နယ်တာဝန်ခံအရာရှိ ဒေါ်တင်လဲ့လဲ့ဝေမှ ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေပါ အကျိုးခံစားခွင့်များအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထိုနောက် မြို့နယ်လူမှုဖူလုံရေးရုံး မြို့နယ်တာဝန်ခံအရာရှိ ဒေါ်တင်လဲ့လဲ့ဝေမှ ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ် လူမှုဖူလုံရေးရုံးခွဲ၌ အကျုံးဝင်မှတ်ပုံတင်ထားသော Major Media International Advertising Co., Ltd မှ ချောက်မြို့တွင် တာဝန်ထမ်းဆောင်နေသော အာမခံအလုပ်သမား ဦးအေးချမ်းမောင်၏အလုပ်တွင် ထိခိုက်သေဆုံးမှုကြောင့် ကျန်ရစ်သူအကျိုးခံစားခွင့် ငွေကျပ်၇၅၀၀၀၀၀၊ နာရေးစရိတ်ငွေကျပ် ၅၀၀၀၀၀၊ စုစုပေါင်းငွေကျပ် ၈၀၀၀၀၀၀ တိတိအား အဒေါ်ဖြစ်သူ ဒေါ်ပပဝင်းထံ ပေးအပ်ခဲ့ကြောင်း သိရသည်။
ကျော်မိုး
https://t.me/MyanmarNationalPost

No comments:
Post a Comment