ပွင့်ဖြူမြို့နယ်တွင် ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် စာသင်ကျောင်း (၅) ကျောင်းအား ယာယီပိတ်ထားရ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပွင့်ဖြူမြို့နယ်တွင် ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် စာသင်ကျောင်း (၅) ကျောင်းအား ယာယီပိတ်ထားရ



MNP ၊  စက်တင်ဘာ  ၆

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ဒုတိယအကြိမ် ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် အခြေခံပညာ စာသင်ကျောင်း (၅) ကျောင်းတွင် မြစ်ရေများ ဝင်ရောက်ခဲ့သဖြင့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ဘေးအန္တရာယ်ကင်းဝေးစေရန်အတွက် ယမန်နေ့နံနက်ပိုင်းကစပြီး ယာယီပိတ်ထားခဲ့ရကြောင်း ပွင့်ဖြူမြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။


ပွင့်ဖြူမြို့နယ်၌ ဒုတိယအကြိမ် ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ယာယီပိတ်ထားရသည့် အခြေခံပညာကျောင်းများမှာ သံကိုင်းကျေးရွာအုပ်စုရှိ သိမ်းကုန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်း၊ ပေါက်ကုန်းကျေးရွာအုပ်စုရှိ ဇီးကျွန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲ၊ ကံလှကျေးရွာ အခြေခံပညာမူလတန်းကျောင်း၊ ကျောင်းစုကျေးရွာ အခြေခံပညာမူလတန်းကျောင်းနှင့် အရှေ့လေးအိမ်ကျေးရွာအုပ်စုရှိ ရေချမ်းစင်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းတို့ဖြစ်ပြီး၊ ယင်း စာသင်ကျောင်း များရှိ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ဘေးအန္တရာယ် ကင်းဝေးစေရေး အတွက် မြစ်ရေ ပြန်လည်ကျဆင်းသည်အထိ ယာယီပိတ်ထားမည်ဖြစ်ကြောင်းနှင့် မြစ်ရေကျဆင်းချိန်တွင် ပြန်လည် ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ယာယီပိတ်ထားရသည့် စာသင်ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ စာသင်ချိန် သင်ခန်းစာ နောက်မကျစေရေး ကျောင်းပြန်လည်ဖွင့်ချိန်တွင် စာသင်ရက်များ အစားထိုး၍ စနစ်တကျဖွင့်လှစ်သင်ကြား ပေးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ပညာရေးမှူး ဒေါ်ညွန့်ညွန့်ဌေးထံက သိရသည်။


လှိုင်ဝင်းလေး 

https://t.me/MyanmarNationalPost




No comments:

Post a Comment