MNP ၊ စက်တင်ဘာ ၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ ထရော်ရွာသစ်ကျေးရွာအုပ်စု၊ ထရော် ကျေးရွာဓမ္မာရုံတွင် စက်တင်ဘာလ ၄ ရက်နေ့ နံနက်(၁၁)နာရီခန့်က လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်အဆင့်ဌာန ဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ထရော်ရွာသစ်၊ လင်းတွန်၊ ဒါနချောင်း၊ ကျုံမငဲ့၊ သာယာကုန်း၊ မြန်မာကရင်စုနှင့် လေလံပင်ကျေးရွာအုပ်စုများရှိ ပြည်သူများ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခဲ့သည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး ရဲမင်း၊ အဖွဲ့ဝင်(၂) ဦးစိန်မြင့်၊ အဖွဲ့ဝင်(၃) ဦးထွန်းဆွေ၊ အတွင်းရေးမှူး ရဲမှူးထွန်းဦးနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများက တရားဥပဒေစိုးမိုးရေး၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ ကျောင်းနေ အရွယ် ကလေးများအားလုံး ကျောင်းတက်ရောက်ရေး၊ အလယ်တန်း၊ အထက်တန်း သင်ယူပြီး မြောက်ရေး၊ ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး၊ လူကုန်ကူးမှုပပျောက်ရေး၊ မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ စာသင်ကျောင်းများ မီးဘေး အန္တရာယ် လုံခြုံရေး၊ မြေပြင်လူဦးရေစာရင်း ကွင်းဆင်းကောက်ယူရာတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုစာရင်း ၆၆/၆ ပြုလုပ် နိုင်ရေး၊ ကတ်ပြား(၅)မျိုးအကြောင်း ရှင်းလင်းပြောကြားခြင်း၊ မြန်မာနိုင်ငံသားဖြစ်လျှင် ကတ်ပြား (၁)မျိုး ကိုင်ဆောင်ရမည်ဖြစ်ကြောင်း၊ မဲထည့် ရာတွင် မှတ်ပုံတင်ကိုင်ဆောင်ပြီး စက်ခလုတ်နှိပ်၍ မဲပေးရမည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု လျော့နည်းစေရေးအတွက် ကြိုတင် ကာကွယ်နိုင်ရေး၊ သွေးလွန်တုပ်ကွေးရောဂါအကြောင်း ရှင်းလင်းပြောကြားခြင်း၊ ခြင်ပေါက်ပွားသည့် နေရာများအား ရှင်းလင်းစေရေး၊ ကျေးရွာအုပ်စု ပြည်သူ့လုံခြုံရေး ကြီးကြပ်အဖွဲ့ပူးပေါင်း၍ လုံခြုံရေးကိစ္စရပ် များ ဆောင်ရွက်နိုင်ရေး၊ ယာဥ်အန္တရာယ်ကင်းရှင်းရေး၊ မော်တော် ဆိုင်ကယ်စီးနင်းပါက ဆိုင်ကယ်စီး ဦးထုပ်ဆောင်းရေး၊ သတ်မှတ်မိုင်နှုန်းအတိုင်း မောင်းနှင်ရေး၊ ဆောင်းသီးနှံနေကြာ ပြည့်မီစွာ စိုက်ပျိုးရေး၊ စနေနေ့တိုင်း ကျေးရွာအလိုက်၊ နေအိမ်အလိုက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရန်၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရန်၊ ထင်း၊ မီးသွေး တရားလွန်ထုတ်ယူသုံးစွဲမှုမရှိရေး၊ ထင်းမီးသွေး အစားထိုးစပါးခွံလောင်စာတောင့် စက်ရုံတည်ဆောက်သုံးစွဲရေး၊ နိုင်ငံစီးပွားမြင့်တင် ရေးရန်ပုံငွေ ဖြင့် သွင်းအားစု ထုတ်ယူရေး နွေစပါးနှင့် လယ်ယာမြေဥပဒေအကြောင်း ရှင်းလင်းခြင်း၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းကိစ္စရပ်များ ရှင်းလင်းဆွေးနွေး ကြပြီး ဒေသခံပြည်သူများက သိလိုသည်များ မေးမြန်းခဲ့ရာ သက်ဆိုင်ရာဌာနများက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment