မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ရေနံချောင်းမြို့နယ်အတွင်းရှိ စိုက်ပျိုးရေး လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများ ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ရေနံချောင်းမြို့နယ်အတွင်းရှိ စိုက်ပျိုးရေး လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများ ကြည့်ရှုစစ်ဆေး






MNP ၊ စက်တင်ဘာ ၁

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်လင်းနှင့်အတူ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါကာ ဩဂုတ်လ ၂၉ ရက်နေ့ နံနက်ပိုင်းက ရေနံချောင်းမြို့နယ်၊ ကံကြီးကျေးရွာအုပ်စု၊ ကံကြီးကျေးရွာ တောင်သူ ဦးလူမုန်း၏ ကွင်းအမှတ်(၁၂၇)တွင် ဆိုလာစနစ်ဖြင့် မြေအောက်ရေ စုပ်ယူ၍ အစက်ချရေသွင်းစနစ် (Drip Irrigation System)ဖြင့် ချည်မျှင်ရှည်ဝါ B-31 စပ်မျိုးဝါ (၁.၅၀)ဧက ပန်းတိုင်အထွက်နှုန်းရရှိရေး စိုက်ပျိုးထားရှိသော အပင်သက်တမ်း (၅၁)ရက်သားရှိ စံပြကွက်အား ကြည့်ရှု့စစ်ဆေးသည်။


တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့ ကံကြီးကျေးရွာ တောင်သူ ဦးလူမုန်း၏ ချည်မျှင်ရှည်ဝါ B-31 စပ်မျိုးဝါ (၁.၅၀)ဧက စိုက်ကွင်းရှင်းလင်းဆောင်သို့ ရောက်ရှိစဉ် ဆိုလာစနစ်ဖြင့် မြေအောက်ရေ စုပ်ယူ၍ အစက်ချရေသွင်းစနစ်(Drip Irrigation System)ဖြင့် ချည်မျှင်ရှည်ဝါ B-31 စပ်မျိုးဝါ စိုက်ပျိုးဆောင်ရွက်မှု အခြေအနေများနှင့်ပတ်သက်၍ တိုးဒေသကြီး၊ ခရိုင်၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန တာဝန်ရှိသူများမှ ရှင်းလင်းတင်ပြခဲ့ကြပြီး၊ ဆိုလာရေတင်စနစ်ဖြင့် အစက်ချရေအသုံးပြု၍ ချည်မျှင်ရှည်ဝါ B-31 စပ်မျိုးဝါ စိုက်ပျိုးသည့် ဝါစိုက်တောင်သူများမှ ပန်းတိုင်အထွက်နှုန်း တစ်ဧက ပိဿာ (၇၀၀)ရရှိရေးအတွက်  စိုက်ပျိုးရေရရှိရေး၊ နည်းစနစ်မှန်ကန်ရေးနှင့် အခြားလိုအပ်ချက် တင်ပြဆွေးနွေးမှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။


ရေနံချောင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်က ချည်မျှင်ရှည်ဝါ (၁၀၄၁)ဧက စိုက်ပျိုးထုတ်လုပ် ဆောင်ရွက်ခဲ့ပြီး ၂၀၂၃-၂၀၂၄ ခုနှစ်၌ ချည်မျှင်ရှည်ဝါသီးနှံအား (၇၃၉)ဧက တိုးချဲ့စိုက်ပျိုးရန် လျာထား၍ စုစုပေါင်း (၁၇၈၀)ဧက စိုက်ပျိုးထုတ်လုပ်ရန် လျာထားဆောင်ရွက်လျက်ရှိပြီး၊ ရေနံချောင်းမြို့နယ်အနေဖြင့် လက်ရှိစိုက်ပျိုးရာသီတွင် ချည်မျှင်ရှည်ဝါ (၆၉၆)ဧကကို စိုက်ပျိုးပြီးဖြစ်ကြောင်းနှင့် ချည်မျှင်ရှည်ဝါ တိုးတက်ထုတ်လုပ်ရာတွင် မျိုးသန့်လွှမ်းခြုံရေးအတွက် ဧက (၁၀၀)မျိုးစေ့ထုတ်ဧရိယာကို စိုက်ပျိုးဆောင်ရွက်ပြီး ဖြစ်ကြောင်း သိရသည်။


ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ရေနံချောင်းမြို့နယ် ဂွေးကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)သို့ ရောက်ရှိပြီး ကျောင်းအားကစားကွင်းအတွင်း ကျောင်းသားလေးများ ဘောလုံးကစားနေမှုကို ဝင်ရောက်ကြည့်ရှုအားပေးကာ၊ ကျောင်းအုပ်ဆရာကြီးနှင့် ကျောင်းသားလေးများအား ‌အားဖြည့်အချိုရည်ဗူးများ၊ ဘောလုံး၊ ခြင်းလုံးနှင့် အားကစားပစ္စည်းများကို  ချီးမြှင့် ထောက်ပံ့ပေးခဲ့သည်။


ထိုမှတစ်ဆင့် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် မကွေးမြို့နယ် ကန်သာကြီးကျေးရွာ အုပ်စုတွင် စိုက်ကွင်းယာမြေများအတွင်း စိုက်ပျိုးရာသီ ပထမသီးနှံဖြစ်သည့် နှမ်းသီးနှံအား ရိတ်သိမ်းဆောင်ရွက်ပြီးဖြစ်၍ ဒုတိယသီးနှံအဖြစ် ပဲတီစိမ်း/ပဲလွန်း စိုက်ပျိုးရန်အတွက် စိုက်ပျိုးမြေ ထွန်ယက် ပြင်ဆင်ဆောင်ရွက်နေမှုအား ကြည့်ရှု၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က စိုက်ပျိုးရေး လုပ်ကိုင်ဆောင်ရွက်နေသူ တောင်သူများနှင့် တွေ့ဆုံကာ စိုက်ပျိုးဆောင်ရွက်မှု အခြေအနေများကို မေးမြန်းပြီး တောင်သူများအား စိုက်ပျိုးရေး တောင်သူအသိပညာပေးနှင့် အားပေးစကားများ ပြောကြားကာ တောင်သူများ၏ ဒေသဖွံ့ဖြိုးရေးလိုအပ်ချက် တင်ပြမှုများအပေါ် လိုအပ်သည်များကို ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


မောင်ညီညာ

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)