MNP ၊ စက်တင်ဘာ ၁
ကချင်ပြည်နယ်အတွင်း လယ်ယာမြေများကို အခြားနည်းသုံးစွဲထားမှုများဖြေရှင်းဆောင်ရွက် မည့်နည်းလမ်းနှင့် နောင်ထပ်မံမဖြစ်ပွားစေရေးအတွက် ဆောင်ရွက်ရမည့်နည်းလမ်းများ လုပ်ထုံးလုပ်နည်းစံနှုန်း (SOP) ရေးဆွဲပြုစုနိုင်ရေးအတွက် ပြည်နယ်လုပ်ငန်းကော်မတီအဖွဲ့ဝင်များက သြဂုတ် ၃၁ ရက် မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ဆွေးနွေးဆောင်ရွက်ခဲ့ကြသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကချင်ပြည်နယ်တွင်အတွင်း လယ်ယာမြေများကို အခြားနည်းအသုံးပြုခွင့်လျှောက် ထားမှုများကို ပိတ်ပင်ထားပြီး သီးထပ်သီးနှံစိုက်ပျိုးရေးအတွက် ဦးစားပေးဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ထို့အပြင် လယ်ယာမြေများ အခြားနည်းအသုံးပြုမှုများကိုလည်း ဥပဒေနှင့်အညီ တရားစွဲဆိုအရေး ယူဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ဥပဒေမဲ့ကျူးလွန်လုပ်ဆောင်မှုများကို စနစ်တကျလေ့လာဆန်းစစ်ပြီး မှန်ကန်ရိုးသားသော ပြည်သူများနစ်နာမှုမရှိစေရေး ဖော်ထုတ်အကြံပြုနိုင်ရန်၊ လယ်ယာမြေများကို အခြားနည်းသုံးစွဲထားမှုများအပေါ် ဖြေရှင်းဆောင်ရွက်နိုင်ရန်နှင့် နောင်ထပ်မံ မဖြစ်ပွားစေရေးအတွက် ဆောင်ရွက်ရမည့်နည်းလမ်း လုပ်ထုံးလုပ်နည်းစံနှုန်း (SOP) ပြုစုရေးဆွဲနိုင်ရေး ဆွေးနွေးဆောင်ရွက်သွားရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။
ယင်းနောက် လုပ်ငန်းကော်မတီအတွင်းရေးမှူး၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်ကြည်လင်းက ပြည်နယ်လုပ်ငန်းကော်မတီဖွဲ့စည်းထားရှိမှုနှင့် လုပ်ငန်းဆိုင်ရာများ ကို လည်းကောင်း၊ လုပ်ငန်းကော်မတီတွဲဖက်အတွင်းရေးမှူး၊ ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးသန်းမြင့်က ဦးစီးကော်မတီ၏ လမ်းညွှန်မှာကြားချက်များ၊ ပြည်နယ်လုပ်ငန်းကော်မတီမှ စိစစ်ဆောင်ရွက်သွားရမည့် လုပ်ငန်းဆိုင်ရာကိစ္စရပ်များနှင့် ပြည်နယ် အတွင်းဖြစ်ပေါ်လျက်ရှိသည့် ဥပဒေမဲ့ကျူးကျော်မှုအခြေအနေများကို လည်းကောင်း ရှင်းလင်းတင်ပြ ကြရာ တက်ရောက်လာကြသည့် ကော်မတီအဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် (SOP)ရေးဆွဲ ပြုစုရာတွင် ထည့်သွင်းပါဝင်ရမည့်ကိစ္စရပ်များကို အသီးသီးရှင်းလင်းတင်ပြကြသည်။
ဆွေးနွေးတင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ရပ်/ကျေးအဆင့် ကော်မတီဖွဲ့စည်းနိုင် ရေးနှင့် SOP ကို စနစ်တကျ ရေးဆွဲပြုစု၍ ဦးစီးကော်မတီသို့ အချိန်နှင့် တစ်ပြေးညီ တင်ပြနိုင်ရေး လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment