ကျိန္တလီမြို့၌ အသက် (၉)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါကင်းဝေးစေရေးအတွက် ကာကွယ်ဆေးထိုးနှံပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိန္တလီမြို့၌ အသက် (၉)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါကင်းဝေးစေရေးအတွက် ကာကွယ်ဆေးထိုးနှံပေးလျက်ရှိ







MNP ၊  စက်တင်ဘာ  ၁၈

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ အ.မ.က (စံပြ)ကျောင်းတွင် အသက်(၉)နှစ်မှ (၁၂)အထိကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (Human Papilloma Virus Vaccine - HPV)ကို ယနေ့နံနက် (၉)နာရီအချိန်မှစတင်၍ ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးလျက်ရှိသည်။


ထိုသို့ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံရာတွင် ကာကွယ်ဆေးထိုးရန် ရောက်ရှိလာကြသော အ.မ.က (ဖိုးလှောင်ကွင်း)၊ အ.မ.က(မူလွန်) (ငါးရံ့ကျော်)၊ အ.မ.က (ရေစမ်းကွင်း)၊  ၊ အ.မ.က (ပုန်းညှက်)၊ အ.မ.က (စမ်းချောင်း)၊ အ.မ.က (ချင်းကွင်း)၊ အ.မ.က (ကျောက်ခေါင်းကွင်း) ၊ အ.ထ.က (စေတီကွင်း)၊ အ.မ.က (စံပြ)၊ အ.မ.က (ရာပြည့်) စုစုပေါင်း အခြေခံပညာကျောင်း (၁၀)ကျောင်းရှိ အသက်(၉)နှစ်မှ (၁၂)အထိကျောင်းသူများအား အ.မ.က (စံပြ)ကျောင်းတွင် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (Human Papilloma Virus       Vaccine - HPV)ကို ယနေ့နံနက် (၉)နာရီအချိန်မှ ညနေ (၃)နာရီအထိ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။


ဇော်လင်း

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)