MNP ၊ စက်တင်ဘာ ၁၈
မွန်ပြည်နယ်၊ပေါင်မြို့နယ်၌ အခြေခံရှေးဦးပြုစုခြင်းသင်တန်း အမှတ်စဉ်(၂/၂၀၂၃)ဆင်းပွဲကို ယမန်နေ့ညနေပိုင်းက ပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးထင်လင်းအောင် က အန္တရာယ်တစ်စုံ တစ်ခုကျရောက်လာပါက ရှေးဦးပြုစုခြင်းပညာသည် အလွန်အရေးပါသော
ကြောင့် လူတိုင်းတတ်ထားရမည်ဖြစ်ပါသည်။ကျောင်းသား/ကျောင်းသူများ အနေဖြင့် ယခု
သင်တန်းတက်ပြီးအကျိုးများစွာ ရှိလာပြီး မိမိတတ်ထားသည့်ပညာကို ကောင်းစွာအသုံးပြုဖို့လိုကြောင်းအမှာစကားပြောကြားသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးထင်လင်းအောင် က ဆုရရှိသော သင်တန်းသား/သူများအားဆုများချီးမြှင့်ပြီး သင်တန်းဆရာ မြို့နယ်ကြက်ခြေနီအသင်းခွဲ တပ်ဖွဲ့မှူးဦးဟန်လင်းအောင် က သင်တန်းဆင်းလက်မှတ်ပေးအပ်ချီးမြှင့်ခဲ့သည်။
တို့နောက် ( အထက )ပေါင်ကျောင်းအုပ်ကြီး ဒေါ်ချိုလွင်ဦးကကျေးဇူးတင်စကားပြောကြားပြီး သင်တန်းသား/သူ (၄၂)ဦးက (၃)ရက်ကြာသင်တန်းတက်ရောက်ခဲ့ကြောင်းသိရသည်။
https://t.me/MyanmarNationalPost





No comments:
Post a Comment