MNP ၊ စက်တင်ဘာ ၁၈
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်အတွင်းရှိ အသက်(၉)နှစ်မှ (၁၂)နှစ်အတွင်းရှိ မိန်းကလေးများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ပြည်တော်သာရပ်ကွက်ရှိ အမှတ်(၁၅)၊ အ.မ.က(မူလွန်)ကျောင်း၌ ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိသည်။
အဆိုပါ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV)ကို မြန်မာတစ်နိုင်ငံလုံးရှိ အသက်(၉) နှစ်မှ (၁၂) နှစ်အတွင်းရှိ မိန်းကလေးငယ်များအား ၂၀၂၃ ခုနှစ်၊ သြဂုတ်လမှ အောက်တိုဘာလအတွင်း ထိုးနှံပေးလျက်ရှိရာ စစ်တွေမြို့နယ်တွင် စက်တင်ဘာလ ၁၈ ရက်နေ့မှ ၂၉ ရက်နေ့အထိ ကျောင်းအခြေပြုထိုးနှံပေးမည်ဖြစ်ပြီး အောက်တိုဘာလ ၁၆ ရက်နေ့မှ ၂၇ ရက်နေ့အထိ ပြည်သူလူထုအခြေပြု ထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ ကာကွယ်ဆေးကို အသက် (၉) နှစ်မှ အသက် (၁၂) နှစ်အတွင်းထိုးနှံမှသာ ဆေးအာနိသင် ထိရောက်မည်ဖြစ်သည့်အတွက် အသက်ပိုင်းခြား ကန့်သတ်ထိုးနှံပေးခြင်းဖြစ်ကြောင်း စစ်တွေမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။
မြင့်စိုးဦး
https://t.me/MyanmarNationalPost
No comments:
Post a Comment