ရွှေတောင်မြို့နယ်တွင် ကုန်ပစ္စည်းအရောင်းဆိုင်၊တယ်လီဖုန်းအရောင်းဆိုင်၊စားသောက်ဆိုင်နှင့် စားသုံးဆီအရောင်းဆိုင်များအားကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်တွင် ကုန်ပစ္စည်းအရောင်းဆိုင်၊တယ်လီဖုန်းအရောင်းဆိုင်၊စားသောက်ဆိုင်နှင့် စားသုံးဆီအရောင်းဆိုင်များအားကွင်းဆင်းစစ်ဆေး





MNP ၊  စက်တင်ဘာ  ၁၅

ပဲခူးတိုင်းဒေသကြီး ၊ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင်ယမန်နေ့ နံနက်ပိုင်းက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးသိန်းအောင်နှင့်အဖွဲ့ဝင်များ၊ ပြည်ခရိုင် လူသုံးကုန် ၊စားသောက်ကုန်ပစ္စည်းများကိုခွဲခြားရောင်းချနေမှုများအား စစ်ဆေးအရေးယူရေးအဖွဲ့ ဥက္ကဌနှင့်အဖွဲ့ဝင်များကရွှေတောင်မြို့နယ်တွင် ကုန်ပစ္စည်းအရောင်းဆိုင်၊တယ်လီဖုန်းအရောင်းဆိုင်၊စားသောက်ဆိုင်နှင့် စားသုံးဆီအရောင်းဆိုင်များအားကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်းသိရသည်။


စစ်ဆေးရာတွင် ရွှေတောင်မြို့နယ် ၊ကြာနီကန်ရပ်ကွက်၊ ဆေးရုံလမ်းရှိ Dr.Mobile တယ်လီဖုန်းအရောင်းဆိုင်အား သက်မှတ်စျေးနှုန်းအတိုင်း ရောင်းချစေရေးနှင့် ရောင်းချသည့် SIM Card အမျိုးအစားများအား ခွဲခြား၍ မှတ်ပုံတင်စာရင်းဖြင့်ရောင်းချစေရေး၊ ယွန်းတန်းရပ်ကွက် ၊ပျော်ဘွယ်တန်းလမ်းရှိ K- ဝိုင်းဆီစက်အား အရောအနှောကင်းစေရေး၊ သတ်မှတ်စျေးနှုန်းအတိုင်းသာ ရောင်းချစေရေးနှင့် လက်ကားရောင်းချမှုမရှိစေရေး၊ Mr. Bart ကုန်ပစ္စည်းအရောင်းဆိုင်အား ကုန်ပစ္စည်းများကို ကုန်အအမှတ်တံဆိပ်ခွဲခြား၍ ရောင်းချမှုမရှိစေရေးနှင့်သတ်မှတ်စျေးနှုန်းအတိုင်းသာ ရောင်းချစေရေး၊ ကြာနီကန်ရပ်ကွက်၊ ပြည်-ရန်ကုန် လမ်းရှိ သရဖူစားသောက်ဆိုင်တွင် ဆိုင်ဖွင့်ချိန်/ ပိတ်ချိန်အား လိုင်စင်စည်းကမ်းနှင့်အညီဖွင့်လှစ်ရောင်းချရေးတို့အားစစ်ဆေး၍ လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။


ကိုကိုမင်း

https://t.me/MyanmarNationalPost




No comments:

Post a Comment