MNP ၊ စက်တင်ဘာ ၃၀
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်တွင် ယခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် မိုးစပါးစိုက်ပျိုးရန် လျာထားဧက (၁၃၆၁၁၆)ဧကရှိ၍ ယခုအခါတွင် မိုးစပါးစိုက်ပျိုးဧက (၁၃၆၇၈၉)ဧကထိ လျာထားချက်ထက် ပြည့်မီကျော်လွန်စွာ စိုက်ပျိုးပြီးစီးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မိုးညှင်းမြို့နယ်အတွင်း ယခုနှစ် မိုးစပါးစိုက်ပျိုးရာသီ၌ မိုးစပါးလျာထားသည့် ဧက(၁၃၆၁၁၆)ကို ဇွန်လမှ စတင်စိုက်ပျိုးခဲ့ကြရာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက တောင်သူများ စားနပ်ရိက္ခာဖူလုံရေး၊ ဝင်ငွေများတိုးပွားလာစေရေး၊ စိုက်ပျိုးထုတ်လုပ်မှု အရည်အသွေးများကောင်းမွန်ပြီး ပြည်တွင်းပြည်ပ ဈေးကွက်များတွင် တိုးချဲ့လာနိုင်စေရေးတို့အတွက် အသိပညာပေးခြင်း၊ ကွင်းသရုပ်ပြပွဲများပြုလုပ်ခြင်း၊ မိုးစပါး Seeder စိုက်ပျိုးနည်းစနစ်များနှင့် စပါးစိုက်တောင်သူများ တစ်ဧကလျှင် စပါးတင်း(၁၀၀)ကျော် အထွက်နှုန်းရရှိစေရေးအတွက် နည်းပညာများကို ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မိုးညှင်းမြို့နယ်တွင် ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၆၀)ရှိ၍ ဒေသရေမြေသဘာဝထွက်ရှိမှု၊ ဝယ်ယူမှု၊ စားသုံးမှုနှင့်ကိုက်ညီသော အထွက်ကောင်း မျိုးသန့်စပါးဖြစ်သည့် ဆင်းဧကရီ-၃ မျိုးစပါးကို တောင်သူများက အများဆုံး ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးလျက်ရှိကြပြီး အခြားစပါးမျိုးများဖြစ်သည့် ငွေတိုး၊ ကောက်ညှင်း စသည့် စပါးမျိုးများကိုလည်း စိုက်ပျိုးကြလျက်ရှိရာ တောင်သူများမှ အဓိက အားထားစိုက်ပျိုးလေ့ရှိသော ဆင်းဧကရီ-၃ စပါးမျိုးကို (၁၂၈၃၉၀)ဧကထိ စိုက်ပျိုးထားရှိကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment