ကျောက်ဆည်မြို့တွင် လူမှုဖူလုံရေးစီမံကိန်း၏ ကျန်းမာရေးစောင့်ရှောက်မှုအား ပုဂ္ဂလိကကဏ္ဍနှင့် ပူးပေါင်း၍ Provider Purchaser Split စနစ်သို့ အဆင့်မြှင့်တင်ပြောင်းလဲခြင်း ရှင်းလင်းဆွေးနွေးပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျောက်ဆည်မြို့တွင် လူမှုဖူလုံရေးစီမံကိန်း၏ ကျန်းမာရေးစောင့်ရှောက်မှုအား ပုဂ္ဂလိကကဏ္ဍနှင့် ပူးပေါင်း၍ Provider Purchaser Split စနစ်သို့ အဆင့်မြှင့်တင်ပြောင်းလဲခြင်း ရှင်းလင်းဆွေးနွေးပွဲကျင်းပ



MNP ၊  စက်တင်ဘာ  ၃၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့၌ လူမှုဖူလုံရေးစီမံကိန်း၏ ကျန်းမာရေးစောင့်ရှောက်မှုစနစ်အား ပုဂ္ဂလိကကဏ္ဍနှင့်ပူးပေါင်း၍ Provider Purchaser Split စနစ်သို့ အဆင့်မြှင့်တင်ပြောင်းလဲခြင်း ရှင်းလင်းဆွေးနွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ဟိုတယ်ကျောက်ဆည်၌ ကျင်းပပြုလုပ်ခဲ့သည်။


ဆွေးနွေးပွဲတွင် မန္တလေးတိုင်းဒေသကြီး လူမှုဖူလုံရေးရုံး တိုင်းဒေသကြီးတာဝန်ခံအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းနိုင်ဦးက လူမှုဖူလုံရေးစီမံကိန်းစတင်ခြင်း၊ ဥပဒေပြဌာန်းခြင်း၊ ဝန်ဆောင်မှုပေးနေသည့်အခြေအနေများ၊ ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေပါအာမခံစနစ်များ၊ ထည့်ဝင်ကြေးနှုန်းထားများ၊ ကျန်းမာရေးနှင့်လူမှုရေးစောင့်ရှောက်မှု အာမခံစနစ်အောက်ရှိ အကျိုးခံစားခွင့်များ၊ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ စသည့်အကြောင်းအရာများနှင့် လူမှုဖူလုံရေး-ဘေးမခအထွေထွေရောဂါကုဆေးခန်းမှ ဒေါက်တာစွမ်းထက်ယံက စမ်းသပ် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျန်းမာရေးစောင့်ရှောက်မှု အဆင့်မြှင့်တင်ခြင်းစီမံချက်များ၊ ဝန်ဆောင်မှုပေးနေသည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့သည်။


ဆက်လက်ပြီး လူမှုဖူလုံရေး-ကုဋေဌေးအထွေထွေရောဂါကုဆေးခန်းမှ ဒေါက်တာစည်သူအုန်းမြင့်က လူမှုဖူလုံရေးစနစ်၏ အခြေခံသဘောတရားများ၊ အကာအကွယ်ပေးနေမှုများ၊ ရရှိနိုင်သောဝန်ဆောင်မှုများ၊ သင်တန်းဖွင့်လှစ်ပေးမှု အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ရာ ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ကျောက်ဆည်ခရိုင်အတွင်းရှိ စက်ရုံ၊ အလုပ်ရုံများမှ တာဝန်ရှိသူများက  ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂ ရက်နေ့ တွင်စတင်ဖွင့်လှစ်မည့် လူမှုဖူလုံရေး-ဘေးမခအထွေထွေရောဂါကုဆေးခန်းနှင့် လူမှုဖူလုံရေး-ကုဋေဌေး အထွေအထွေရောဂါကုဆေးခန်းများမှ အလုပ်ရှင်၊ အလုပ်သမား၊ မိသားစုဝင်များ ဝန်ဆောင်မှုပေးမည့် အခြေအနေများနှင့် အလုပ်လုပ်ကိုင်နေစဉ် သေဆုံးသွားပါက ဆောင်ရွက်ပေးမည့်အခြေအနေများ၊ အစိုးရနှင့်ကုမ္မဏီဝန်ထမ်းများ၊ နိုင်ငံခြားသားများ လူမှုဖူလုံရေး ဝင်ရောက်သည့် အခြေအနေများအား ပြန်လည်မေးမြန်းဆွေးနွေးခဲ့ရာ  မန္တလေးတိုင်းဒေသကြီး လူမှုဖူလုံရေးရုံး တိုင်းဒေသကြီးတာဝန်ခံအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းနိုင်ဦးနှင့်တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။


သက်မောင်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)