ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့နယ် ဖန်လုံမြို့ရှိ ကျင်းဆာရဲတပ်ဖွဲ့စခန်းသို့ သွားရောက်၍ China Resident ID ကတ်ထုတ်ပေးရေးလုပ်ငန်းစဉ်များ လှည့်လည်ကြည့်ရှုလေ့လာ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့နယ် ဖန်လုံမြို့ရှိ ကျင်းဆာရဲတပ်ဖွဲ့စခန်းသို့ သွားရောက်၍ China Resident ID ကတ်ထုတ်ပေးရေးလုပ်ငန်းစဉ်များ လှည့်လည်ကြည့်ရှုလေ့လာ



MNP ၊ စက်တင်ဘာ ၂၄

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့် အဖွဲ့သည် ကူမင်းမြို့ရှိ တရုတ်ပြည်သူ့သမ္မတ နိုင်ငံဆိုင်ရာမြန်မာနိုင်ငံကောင်စစ်ဝန်ချုပ် ဦးသော်တာအောင်နှင့် အတူ ၂၂-၉-၂၀၂၃ ရက်နေ့က ယူနန်ပြည်နယ် ကူမင်းမြို့နယ် ဖန်လုံမြို့ရှိ ကျင်းဆာရဲတပ်ဖွဲ့ စခန်းသို့သွားရောက်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပြည်သူ့လုံခြုံ ရေးဝန်ကြီးဌာန နိုင်ငံတကာ ဆက်ဆံရေးဌာနကြီးမှူး ညွှန်ကြား ရေးမှူးချုပ် Mr. Hu Xiaoming ယူနန်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးဌာန ဒုတိယဌာနမှူး Mr. Jia Dongနှင့် ကျင်းဆာ ရဲတပ်ဖွဲ့စခန်းမှ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။


ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား နိုင်ငံတကာဆက်ဆံရေးဌာနကြီးမှူး ညွှန်ကြားရေးမှူးချုပ်နှင့် စခန်းတာဝန်ခံတို့က ကျင်းဆာရဲတပ်ဖွဲ့စခန်း၏ ဖွဲ့စည်းပုံနှင့် လုပ်ငန်းတာဝန်များ၊ ပြည်သူများအတွက် လိုအပ်သော ဝန်ဆောင်မှု များပေးနိုင်ရန် စုံစမ်းရေးနှင့် မှတ်ပုံတင်ရေးသွင်းခြင်းလုပ်ငန်း ဆောင်ရွက်မှု၊ ပြည်သူများအနေဖြင့် အမှုအခင်းဖြစ်ပွားခြင်း အတွက် တိုင်ကြားခြင်းလုပ်ငန်း များဆောင်ရွက်မှု၊ နယ်မြေဒေသအတွင်း အိမ်ထောင်စု စာရင်းများ ဆောင်ရွက်မှုနှင့် မြို့နယ်ကျော် လိပ်စာပြောင်းရန်နှင့် အိမ်ထောင်စုစာရင်း ပြောင်းဝင်/ ပြောင်းထွက် လုပ်ငန်းများ လက်တွေ့ဆောင်ရွက် ပေးနေမှု၊ ယာဉ်မောင်း လိုင်စင် လျှောက်ထားရန်အတွက် လိုအပ်သော စစ်ဆေးမှုများ ဆောင်ရွက်သည့် လုပ်ငန်းစဉ်အဆင့်ဆင့်၊ Resident ID ကတ်လျှောက်ထားမှုနှင့် ID ကတ်ပျောက်ဆုံးမှုများအတွက် ကာယကံရှင်ကိုယ်တိုင် မိမိ၏ အချက်အလက်များ ဖြည့်သွင်းလျှောက်ထားနိုင်သည့် စက်နှင့်ပတ်သက် သည့်အချက် အလက်များ၊ ကာယကံရှင်၏ အချက်အလက်များ မှန်ကန်မှုရှိ/ မရှိ အွန်လိုင်းစနစ်ဖြင့် တိုက်ဆိုင် စစ်ဆေးခြင်းနှင့် ကတ်အသစ် ထုတ်ပေးရန်ဆောင်ရွက်သည့် လုပ်ငန်းအခြေအနေများကို လိုက်လံ ရှင်းလင်းပြ သသည်။


ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းတင်ပြချက်များအပေါ် သိရှိလိုသည်များကို ပြန်လည်မေးမြန်း ဆွေးနွေးပြီး နိုင်ငံတကာဆက်ဆံရေးဌာနကြီးမှူး ညွှန်ကြားရေးမှူးချုပ်နှင့် စခန်းမှ တာဝန်ရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြပြီး ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)