MNP ၊ စက်တင်ဘာ ၂၉
ကချင်ပြည်နယ်အတွင်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းများ (Clean & Green Schools) ပေါ်ထွန်းလာစေရေးနှင့် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းဆု (Clean & Green School Award) ချီးမြှင့်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အဆိုပါ ညှိနှိုင်းဆွေးနွေးပွဲတွင် ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်က ကချင်ပြည်နယ်အတွင်း အခြေခံပညာကျောင်းများအား ပတ်ဝန်းကျင်ဆိုင်ရာ အသိပညာဗဟုသုတ ကြွယ်ဝသောကျောင်းများ ဖြစ်ပေါ်လာစေရန်အတွက် ပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေးဟောပြော ပွဲများအား ကဏ္ဍအလိုက် နှစ်စဥ်အရှိန်အဟုန်မပြတ် ကျင်းပပြုလုပ်လျက်ရှိသကဲ့သို့ ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းများ ပေါ်ထွန်းလာစေရေးအတွက် လုပ်ငန်း များ ဖော်ဆောင်ရေးဆိုင်ရာ စီမံချက်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းက ပြည်နယ်အဆင့် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်း အစီအစဥ်တွင် ပါဝင်ယှဥ်ပြိုင်ကြမည့် အခြေခံပညာကျောင်းများအား ကော်မတီဝင်များအနေဖြင့် မိမိတို့တတ်နိုင်သည့်အခန်းကဏ္ဍမှ လိုအပ်သည်များကို အားတက်သရော ကူညီဆောင်ရွက်ပေးကြ ရန် တိုက်တွန်းပြောကြားသည်။
ယင်းနောက် ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း သန့်ရှင်း၍စိမ်းလန်းစိုပြည်သောကျောင်းများ (Clean & Green Schools) ပေါ်ထွန်း လာစေရေးနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ကချင်ပြည်နယ်၊ သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းများဖော်ဆောင်ရေး စီမံခန့်ခွဲမှုကော်မတီ၏ လုပ်ငန်းတာဝန်များကို အသေးစိတ် ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသော ပြည်နယ်အဆင့် ကော်မတီဝင်များက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးတင်ပြခဲ့ကြရာ တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်သယံ ဇာတရေးရာဝန်ကြီးက ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment