ကျိုက်လတ်၌ (World Rabies Day) ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အဖြစ် ခွေးရူးရောဂါအကြောင်း ပညာပေးဟောပြောခြင်း နှင့် ကာကွယ်ဆေးများ အခမဲ့ထိုးနှံခြင်းများ ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်လတ်၌ (World Rabies Day) ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အဖြစ် ခွေးရူးရောဂါအကြောင်း ပညာပေးဟောပြောခြင်း နှင့် ကာကွယ်ဆေးများ အခမဲ့ထိုးနှံခြင်းများ ဆောင်ရွက်



MNP ၊  စက်တင်ဘာ  ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ (World Rabies Day) ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ် တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ခွေးရူး ရောဂါအကြောင်း ပညာပေးဟောပြောခြင်းနှင့် ကာကွယ်ဆေးများ အခမဲ့ထိုးနှံခြင်းများကို ယမန်နေ့ နံနက်ပိုင်း က မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၌ ပြုလုပ်ခဲ့သည်။


ကျိုက်လတ်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါက်တာမျိုးမြင့်နှင့် ဝန်ထမ်း များက မြို့ပေါ်ရပ်ကွက်(၆)ရပ်ကွက်ရှိ ခွေးနှင့် ကြောင် အကောင်(၅၀)အား ခွေးရူးရောဂါ ကာကွယ်ဆေး ‘အခမဲ့’ထိုးနှံပေးခြင်းများအား ဆောင်ရွက်ခဲ့သည်။ "ခွေးရူးရောဂါတိုက်ဖျက်ရေး၊ တက်ညီလက်ညီ ကာကွယ်ပေး၊ တစ်ခုတည်းသော ကျန်းမာရေး" ALL FOR 1 ONE HEALTH FOR ALL ဆောင်ပုဒ်နှင့်အညီ ခွေးရူးရောဂါ လျော့နည်းပပျောက်သွားစေရန် ရည်ရွယ်၍ ခွေးနှင့်ကြောင်များကို ခွေးရူးရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေးခြင်းဖြစ်ကြောင်းနှင့် ခွေးရူးရောဂါကြောင့် အသက်ဆုံးရှုံးမှု မရှိစေရန်၊ တိရစ္ဆာန် များမှ တစ်ဆင့် ရောဂါကူးစက်မှုမရှိစေရန် ကာကွယ်ဆေးများ အခမဲ့ထိုးနှံခြင်း ဖြစ်ကြောင်း ကျိုက်လတ်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဒေါက်တာ မျိုးမြင့်ထံမှ သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)