MNP ၊ စက်တင်ဘာ ၂၉
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မြို့နယ်သမဝါယမအသင်းစုရုံးရှိ ခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီအချိန်က သမဝါယမ အသင်းစု၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် သဘာပတိ ဦးချစ်ခင်က အဖွင့်အမှာစကားပြောကြားပြီး မန္တလေးတိုင်းဒေသကြီးသမဝါယမဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမျိုးဝင်းအောင်က ရှေ့ဆက်လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များအား လမ်းညွှန်မှာကြားခဲ့သည်။ဆက်လက်ပြီး မြို့နယ်ယမဝါယမအသင်းစုချုပ် ဥက္ကဋ္ဌက အမှာစကားပြောကြားပြီးနောက် မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဖြူသဲနွယ်က လုပ်ငန်းဆိုင်ရာအရပ်ရပ်များအား ရှင်းလင်းဆွေးနွေး တင်ပြခဲ့ပါသည်။ ထို့နောက် တာ၀န်ရှိသူများက ၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ်အတွက် လုပ်ငန်း အစီအရင်ခံစာ၊ ရှေ့လုပ်ငန်းစဉ်များ ဘဏ္ဍာရေးရှင်းတမ်းများ၊အမြတ်ငွေခွဲဝေမှုများနှင့်အသင်းစာရင်း အစီရင်ခံစာများကို ဖတ်ကြားတင်ပြခဲ့သည်။ ထို့နောက် ၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ်အတွက် လုပ်ငန်းအစီအရင်ခံစာ၊ ရှေ့လုပ်ငန်းစဉ်များအား သက်ဆိုင်ရာကိုယ်စားများထံမှအတည်ပြုချက်ရယူခဲ့သည်။ ယင်းနောက် တက်ရောက်လာကြသူများက သိရှိလိုသည်များကိုပြန်လည်းမေးမြန်း ဆွေးနွေးခဲ့သည်။
အစီအစဉ်အရ မြို့နယ်သမဝါယမအသင်းစု၏ အသင်းဝင်များအနက် အခြေခံပညာအထက်တန်းကျောင်းတွင် ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သော အသင်းဝင်များ၏ သား/သမီးများအား ဂုဏ်ပြုဆုချီးမြှင့်ပေးအပ်ခဲ့ပြီး (၁၀၁)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ယမဝါယမနေ့တွင် ကုန်သွယ်မှုလုပ်ငန်းများ အမြင့်ဆုံးစွမ်းဆောင်နိုင်သည့်အခြေခံ သမဝါယမအသင်း ပထမဆု ရရှိသောချမ်းမြသာစည်မြို့နယ် ချမ်မြနီလွင်ရောင်းဝယ်ရေးသမဝါယမအသင်းအား ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် မြို့နယ်သမဝါယမဦးစီးဌာနမှ ဝန်ထမ်းများအားချီးမြှင့်ငွေများပေးအပ်ခဲ့ကြသည်။ ယင်းနောက် သမဝါယမအသင်းစု၏ စုငွေထည့်ဝင်ထားသော အခြေခံသမဝါယမအသင်းများအားစုငွေ၊ အမြတ်ငွေနှင့် အတိုးငွေများအားပေးအပ်ခဲ့ကြောင်း သိရသည်။
အစည်းအဝေးသို့ သဘာပတိ ဦးချစ်ခင်၊ တိုင်းဒေသကြီးသမဝါယမ ညွှန်ကြားရေးမှူး ဦးမျိုးဝင်းအောင်၊ မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဖြူသဲနွယ်နှင့် ဝန်ထမ်းများ၊သမဝါယမအသင်းဝင်များနှင့် တာဝန်ရှိသူများ၊ဖိတ်ကြားထားသော ဧည့်ပရိတ်သတ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကျော်စွာ
https://t.me/MyanmarNationalPost
No comments:
Post a Comment