နေပြည်တော်ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော်ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ


MNP ၊ စက်တင်ဘာ ၂၉

နေပြည်တော်ရှိ ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်း အဝေး(၃/၂၀၂၃)ကို ယမန်နေ့က နေပြည်တော်ကောင်စီ အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်စည်ပင်သာယာ ရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ အမြဲတမ်းအတွင်းဝန်၊ နေပြည်တော်ရှိ ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ကြသည်။


ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက ပြည်သူများ၏ စားဝတ်နေရေး ပြေလည်စေရေးနှင့် ကုန်ဈေးနှုန်းတည်ငြိမ်စေရေးကို အလေးထားဆောင်ရွက်စေလိုကြောင်း၊ ပြည်သူများအား အခြေခံစားသောက်ကုန်များကို သက်သာသောနှုန်းထားများဖြင့် စနစ်တကျရောင်းချပေးနိုင်ရေးနှင့် စားသောက် ကုန်များသည် ကျန်းမာရေးနှင့်ကိုက်ညီသည့် အစားအသောက်များဖြစ်ရန် လိုအပ်ကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါအတွင်း ထိခိုက်ဆုံးရှုံးခဲ့ရသည့် စီးပွားရေးကို ပြန်လည်ကုစားရာတွင် ခရီးသွားလုပ်ငန်းကို ဦးစားပေးကဏ္ဍအတွင်း ထည့်သွင်းဆောင်ရွက်လျက် ရှိကြောင်း၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်သည် သဘာဝပတ်ဝန်းကျင် ကောင်းများရှိသည့် မြို့တော်ဖြစ်သည့်အလျောက် ခရီးသွားလုပ်ငန်းများ ရေရှည်တည်တံ့ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံရာတွင် ခရီးသွားလုပ်ငန်းမှ အားသာချက်များ၊ အားနည်းချက်များကိုသုံးသပ်ပြီး ဌာနဆိုင်ရာများက အလေးအနက်ထား စီမံဆောင်ရွက်ပေးကြစေလိုကြောင်း၊ မြို့တော်သန့်ရှင်း သာယာလှပရေးအတွက် အမြဲမပြတ် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်အနေဖြင့် နိုင်ငံတော် အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်အကိုင် အခွင့်အလမ်းများရရှိစေရေး၊ ခရီးသွားလုပ်ငန်းများဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍအပါအဝင် ကဏ္ဍအားလုံးဖွံ့ဖြိုးတိုးတက်ရန်အတွက် ဌာနဆိုင်ရာများက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။


ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ နေပြည်တော်ရှိ ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌများက စာမတတ်မြောက်မှုမရှိစေရေး (‘အ’ သုံးလုံး)ပညာရေးကဏ္ဍ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဆောင်ရွက်ချက်များ၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ သန်းခေါင် စာရင်းကောက်ယူမှ အခြေအနေ၊ စိုက်ပျိုးရေး၊ မွေးမြူရေးဆောင် ရွက်ထားရှိမှုအခြေအနေ၊ မြို့တော် သန့်ရှင်းသာယာရေးလုပ်ငန်း ဆောင်ရွက်ချက်များ၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ ကိစ္စရပ်များ၊ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်ရေးရာကိစ္စရပ်များ၊ နေပြည်တော်အတွင်း ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စများကို သက်ဆိုင်ရာ ကဏ္ဍများအလိုက် ရှင်းလင်းဆွေးနွေး တင်ပြကြသည်။


ယင်းနောက်နေပြည်တော် ကောင်စီဥက္ကဋ္ဌက တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)