အမ်းမြို့နယ်၌ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် GIS နည်းပညာအသုံးပြု၍ Census Unit ဖွဲ့စည်းခြင်းလုပ်ငန်းစတင် ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့နယ်၌ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် GIS နည်းပညာအသုံးပြု၍ Census Unit ဖွဲ့စည်းခြင်းလုပ်ငန်းစတင် ဆောင်ရွက်






MNP ၊  စက်တင်ဘာ ၅

   ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြိုနယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာ‌နတွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အ ကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် GIS နည်းပညာအသုံးပြု၍ Census Unit ဖွဲ့စည်းခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းမှ စတင်ဆောင် ရွက်ကြောင်းသိရသည်။


  အဆိုပါ သန်းခေါင်စာရင်းကောက် ယူနိုင်ရေးအတွက် GIS နည်းပညာအသုံးပြု၍ Census Unit ဖွဲ့စည်းခြင်းလုပ်ငန်းအား နေပြည်တော်ဦးစီးရုံးချုပ် ပြည်သူ့အင်အားဦးစီးဌာနမှ လဝကမှူး ဒေါ်မေသက်ထွန်း ဦးဆောင်၍ ဝန်ထမ်း ၃ ဦးနှင့် ရခိုင်ပြည်နယ်တောင်ပိုင်း ကွန်ပျူတာကျွမ်း ကျင် ဝန်ထမ်း ၃ ဦး၊ အမ်းခရိုင်/မြို့နယ် ရုံးဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများ၊ ရပ်/ကျေးစာရေးဝန်ထမ်းများ ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက် (၄)ကွက်အား စတင်ဆောင်ရွက်ကြောင်းသိရသည်။

  

အမ်းမြို့ပေါ်ရပ်ကွက် (၄)ကွက်အား သန်းခေါင်စာရင်းကောက် ယူနိုင်ရေးအတွက် GIS နည်းပညာအသုံးပြု၍ Census Unit ဖွဲ့စည်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအောင်ဇော်ထက်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးစိုးမင်းထက်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများက ကြည့်ရှုအားပေးပြီး အချိန်နှင့် တပြေးညီဆောင်ရွက်နိုင်ရေး ဆွေး နွေးပြောကြားခဲ့ကြောင်းသိရသည်။


စိုးမင်းထွန်း

https://t.me/MyanmarNationalPost





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)