ပေါင်မြို့နယ်၌ဂရုဏာလက်များခေါင်းစဥ်ဖြင့် အခြေခံပညာကျောင်းပေါင်းစုံ ပန်းချီပြိုင်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်၌ဂရုဏာလက်များခေါင်းစဥ်ဖြင့် အခြေခံပညာကျောင်းပေါင်းစုံ ပန်းချီပြိုင်ပွဲကျင်းပ





MNP ၊  စက်တင်ဘာ ၅

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌  ဂရုဏာလက်များခေါင်းစဥ်ဖြင့် အခြေခံပညာကျောင်းပေါင်းစုံ ပန်းချီပြိုင်ပွဲကျင်းပခြင်းကို ယနေ့နံနက် (၁၀)နာရီက (အထက)ရွှေရတုခန်းမ၌ ပြုလုပ်ခဲ့သည်။


ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဒေါ်စန်းစန်းအေးက ပန်းချီပြိုင်ပွဲယှဉ်ပြိုင်ရာတွင် လိုက်နာရမည့် စည်းမျဥ်း၊စည်းကမ်းများကိုရှင်းလင်းပြောကြားပြီး  ဂရုဏာလက်များခေါင်းစဥ်ဖြင့်  ပန်းချီပြိုင်ပွဲ  စတင်ယှဉ်ပြိုင်ခဲ့ကြသည်။


အဆိုပါ ပန်ချီးပြိုင်ပွဲကို  အထက်တန်းအဆင့်  (၁၄)ဦး၊ အလယ်တန်းအဆင့် (၃၅)ဦး၊  မူလတန်းအဆင့်(၂၉)ဦးစုစုပေါင်း(၇၈)ဦး ပါဝင်ယှဉ်ပြိုင်ကြပြီး ပထမ၊ ဒုတိယ၊တတိယနှင့် နှစ်သိမ့်ဆုများ  ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment