MNP ၊ စက်တင်ဘာ ၁၂
ပဲခူးတိုင်းဒေသကြီး ၊ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အထက ( ရွှေတောင်) ရတနာခန်းမတွင် ယမန်နေ့နံနက်ပိုင်းက ကျောင်းအခြေပြုသာအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံနိုင်ရေးမြို့နယ် အဆင့်အသိပညာပေးဆွေးနွေးပွဲကျင်းပခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဟံဝင်းအောင်မှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမားရေး ဌာနမှူး ဒေါက်တာအောင်မျိုးသန့်က သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးအကြောင်းကိုအကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ကျန်းမာရေးမှူးအဆင့်( ၁) ဦးကိုကိုကြီးက ကျောင်းအခြေပြုသားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV)ရောဂါနှင့်ပတ်သက်သည့်ကျန်းမာရေးအသိပညာရပ်များအား Power Point ဖြင့် ရှင်းလင်းဆွေးနွေးခြင်း၊ အသက်( ၉) နှစ်ပြည့် ပြီး ( ၁၂) နှစ်မကျော်သော ကျောင်းသူမိန်းကလေးငယ်များအား ထိုးနှံမည့် အစီအစဉ်များကို ရှင်းလင်းဆွေးနွေးခဲ့ရာ တက်ရောက်လာသော အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများက သိရှိလိုသည်များကိုပြန်လည်မေးမြန်းကြရာ သက်ဆိုင်ရာ ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့သည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ ၊ မြို့နယ် အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များ၊လူမှုရေးအသင်းအဖွဲ့များ၊ရွှေတောင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့်( ဧဝရတ်) ကိုယ်ပိုင် အထက်တန်းကျောင်း မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။
ကိုကိုမင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment