ပုဏ္ဏားကျွန်းမြို့၌ ၅၉ နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အထိမ်းအမှတ်၊ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဏ္ဏားကျွန်းမြို့၌ ၅၉ နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အထိမ်းအမှတ်၊ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်





MNP ၊  စက်တင်ဘာ  ၁၂

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် ကျရောက်မည့် ၅၉ နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အထိမ်းအမှတ်၊ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ခြင်းကို ယနေ့၊ နံနက်ပိုင်းက ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၊ လောကမာရဇိန်ဘုရားကြီးသိမ်တော် အတွင်း/အပြင်၌ ပြည်သူ့အကျိုးပြုလုပ်ငန်းများ စုပေါင်းဆောင်ရွက်ခဲ့ကြသည်။


ထိုသို့ဆောင်ရွက်ကြရာတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ညွန့်ဝင်း ဦးဆောင်သော မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက  ပုဏ္ဏားကျွန်းမြို့၊ အလယ်စုရပ်ကွက်ရှိ လောကမာရဇိန်ဘုရား ဘုရားကြီးသိမ်တော်၌ ချုံနွယ်၊ ​ပေါင်းပင်များအား ခုတ်ထွင်းရှင်းလင်းပြီး၊ အမှိုက်ကောက်သိမ်း ခြင်းလုပ်ငန်းတို့ကို စုပေါင်းရှင်းလင်းဆောင်ရွက်ခဲ့ကြကြောင်းသတင်းရရှိသည်။


နီထွန်းအောင်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)