အမ်းမြို့နယ်၌ (၅၉) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြု့သောအားဖြင့် ရဲတပ်ဖွဲ့ဝင်များ မင်းကျောင်းဘုန်းတော်ကြီးကျောင်း၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့နယ်၌ (၅၉) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြု့သောအားဖြင့် ရဲတပ်ဖွဲ့ဝင်များ မင်းကျောင်းဘုန်းတော်ကြီးကျောင်း၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်






MNP ၊  စက်တင်ဘာ  ၁၂

 (၅၉) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြု့သောအားဖြင့် ရခိုင်ပြည်နယ်အမ်းခရိုင် အမ်းမြို့နယ်တွင်ရဲတပ်ဖွဲ့မှ  တပ်ဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းက မင်းကျောင်းဘုန်းတော်ကြီးကျောင်း၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ကြသည်။


  အဆိုပါ (၅၉) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြု့သောအားဖြင့်  အမ်းခရိုင်ရဲတပ်ဖွဲ့မှ ခေတ္တခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်မင်းဦးနှင့် မြို့နယ်ရဲတပ် ဖွဲ့မှူး ရဲမှူးမင်းဦး ဦးဆောင်၍ ရဲတပ်ဖွဲ့အင်အား(၃၄)ဦးဖြင့်

ရဲတပ်ဖွဲ့ဝင်များသည် ပြည်သူ့အကျိုးပြုလုပ်ငန်းဖြစ်သည့် မင်းကျောင်းဘုန်းတော်ကြီးကျောင်းဝန်းအတွင်း ချုံနွယ်ပေါင်းမြက်များခုတ်ထွင်ရှင်းလင်းခြင်း၊ စေတီတော်ရင်ပြင်သန့် ရှင်းရေးဆောင်ရွက်ခြင်းနှင့် စေတီတော်ဝန်းအတွင်းရှိ အမှိုက်သရိုက်များ ကောက်ယူ သိမ်းဆည်းခြင်းတို့ကို စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ကြောင်း သိရှိရသည်။


စိုးမင်းထွန်း

https://t.me/MyanmarNationalPost




No comments:

Post a Comment