မအီမြို့၌ လူငယ်စကားဝိုင်း ဆွေးနွေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မအီမြို့၌ လူငယ်စကားဝိုင်း ဆွေးနွေးကျင်းပ





MNP ၊  စက်တင်ဘာ  ၁၂

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့၌ လူငယ်စကားဝိုင်း ဆေးနွေးပွဲကို စက်တင်ဘာ ၁၁ ရက် နေ့လယ်ပိုင်းက မအီမြို့၊ အထက်တန်းကျောင်း " မြရတနာ " ကျောင်းခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင် အခြေခံပညာဦးစီးဌာတို့ ပူးပေါင်း၍ ကျင်းပခဲ့သည်။


အခမ်းအနားတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးသက်နောင်ထွန်းက လူငယ်စကားဝိုင်းဆွေးနွေးပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်မျိုးမြတ်မြတ်ခိုင်က ကျေးဇူးတင်စကား ပြောကြားသည်။


ဆက်လက်၍ လူငယ်စကားဝိုင်းကိုကျင်းပရာ ဦးစီးမှူး ဦးသက်နောင်ထွန်းက ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး အ. ထ. က(မအီ)ကျောင်းမှ အထက်တန်းကျောင်းသားကျောင်းသူများက "လူငယ်နှင့် အားကစား" " လူငယ်နှင့် အနုပညာ " " လူငယ်နှင့် ယဉ်ကျေးမှု " " လူငယ်နှင့် ပျင်းရိခြင်း " " လူငယ်နှင့် စာရိတ္တ " " လူငယ်နှင့် စာဖတ်ဝါသနာ " " လူငယ်နှင့် ကျန်းမာရေး " " လူငယ်နှင့် စာဖတ်ခြင်း " " လူငယ်နှင့် မူးယစ်ဆေးဝါး " ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးကာ တက်ရောက်လာကြသူများ၏ သိရှိလိုသည့် မေးမြန်းဆွေးနွေးမှုများကို ပြန်လည်ရှင်းလင်းဖြေကြားကြသည်။


စကားဝိုင်းဆွေးနွေးပွဲအပြီးတွင် မအီမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် " ကလေးအလုပ်သမား ပပျောင်းရေး " အသိပညာရေး နံရံကပ်စာစောင်နင့် " လူကုန်ကူးမှု တားဆီးကာကွယ်ရေး " အသိပညာပေး နံရံကပ်စာစောင်တို့အား တက်ရောက်လာကြသူများနှင့် ကျောင်းသားကျောင်းသူများက စိတ်ဝင်တစား ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။


မောင်မောင်ဌေး

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)