အလုံမြို့နယ်၌ “သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) ထိုးနှံနိုင်‌ရေး” မြို့နယ်အဆင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အလုံမြို့နယ်၌ “သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) ထိုးနှံနိုင်‌ရေး” မြို့နယ်အဆင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး



MNP ၊  စက်တင်ဘာ  ၁၅

"အသက်(၉) နှစ်ပြည့်ပြီး (၁၂) နှစ်မကျော်သော မိန်းကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံနိုင်‌ရေး" မြို့နယ်အဆင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို  ယမန်နေ့ မွန်းလွဲ ၁ နာရီက အလုံမြို့နယ်၊ မိခင်နှင့်ကလေးစောင့်ရှောက်‌ရေးအသင်း အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။


ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းထွန်းမှ အဖွင့်အမှာစကားပြောကြားရာတွင် ကမ္ဘာပေါ်တွင် သားအိမ်ခေါင်းကင်ဆာရောဂါသည်  စတုတ္ထမြောက်ဖြစ်ပွားမှု အများဆုံးကင်ဆာရောဂါဖြစ်ပြီး၊ မြန်မာနိုင်ငံအနေဖြင့် ဒုတိယအများဆုံး ကင်ဆာရောဂါဖြစ်သဖြင့် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် ဆွေးနွေး ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသဇင်ခိုင်မှ သားအိမ်ခေါင်းကင်ဆာရောဂါ ဖြစ်ပွားမှုအေခြအနေများ၊ မြန်မာနိုင်ငံတွင် လွမ်းခြုံကာကွယ်ဆေးထိုးနှံမှု အခြေအနေနှင့် ကာကွယ်ဆေးထိုးလုပ်ငန်းစဥ်များအား  ရှင်းလင်းပြောကြားခဲ့ပါသည်။  


သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးကို ၁.၉.၂၀၁၁ မှ ၃၁.၈.၂၀၁၄ အတွင်းဖွေးဖွားပြီး အသက် ၉ နှစ်ပြည့်ပြီးမှ ၁၂ နှစ် မကျော်သော မိန်းကလေးငယ်များအား ထိုးနှံပေးသွားမည်ဖြစ်ပြီး အလုံမြို့နယ်တွင် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို စက်တင်ဘာလတွင် ကျောင်းအခြေပြုနှင့် အောက်တိုဘာလတွင် ရပ်ရွာအခြေပြု ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။


အဆိုပါ အစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊  မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။


တင်တင်ချို 

https://t.me/MyanmarNationalPost




No comments:

Post a Comment