MNP ၊ စက်တင်ဘာ ၁၅
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၌ ကာယ၊ ဉာဏစွမ်းရည်ပြိင်ပွဲကို ယမန်နေ့ ညနေပိုင်း အချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။
ရှေ့ဦးစွာ ကျိန္တလီမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး ဒေါ်သန်းသန်းလေးက ကျောင်းသား/သူများအနေဖြင့် ကျန်းမာကြံ့ခိုင်မှုရှိစေရန်နှင့် ထက်မြက်သော တွေးခေါ်မှုများကို လက်တွေ့ အကောင်ထည်ဖေါ်တတ်ကြစေရန် ရည်ရွယ်၍ ပြိုင်ပွဲပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ ပြိုင်ပွဲများကိုကျင်းပခဲ့ရာ ပန်းချီဆွဲပြိုင်ပွဲတွင် မထက်ထက်ဦးက (ပထမဆု)ကိုလည်းကောင်း၊ မနှင်းဆက်ပန်းက (ဒုတိယဆု)ကိုလည်းကောင်း၊ မဆုပြည့်သောတာလင်းက (တတိယဆု)ကိုလည်းကောင်းရရှိခဲ့ပြီး ဘော်လုံးလက်ဆင့်ကမ်းပြိုင်ပွဲတွင် မဟေမာန်သင်း ဦးဆောင်သောအဖွဲ့က (ပထမဆု)ကိုလည်းကောင်း၊ မပီတိချိုဦးဆောင်သောအဖွဲ့က (ဒုတိယဆု)ကို လည်းကောင်းအသီးသီးရရှိခဲ့ကြည်။ ထို့နောက် ကျိန္တလီမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့ဦးစီးမှူးမှ ပြိုင်ပွဲတွင် ဆုအသီးသီးရရှိခဲ့ကြသော ကျောင်းသား/သူများအား လက်ဆောင် ပစ္စည်းများ ပေးအပ်ခဲ့ကြောင်းသိရသည်။
ဇော်လင်း
https://t.me/MyanmarNationalPost



No comments:
Post a Comment