မြို့နယ်ကုန်ဈေးနှုန်း တည်ငြိမ်ရေးလုပ်ငန်းအဖွဲ့၏စီစဉ်မှုဖြင့် အခြေခံစားသောက်ကုန်များအား ဈေးနှုန်းသက်သက်စွာရောင်းချပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြို့နယ်ကုန်ဈေးနှုန်း တည်ငြိမ်ရေးလုပ်ငန်းအဖွဲ့၏စီစဉ်မှုဖြင့် အခြေခံစားသောက်ကုန်များအား ဈေးနှုန်းသက်သက်စွာရောင်းချပေး


MNP ၊  စက်တင်ဘာ  ၁၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် မြို့နယ်ကုန်ဈေးနှုန်း တည်ငြိမ်ရေးလုပ်ငန်းအဖွဲ့မှ စီစဉ်ဆောင်ရွက်သည့် အခြေခံစားသောက်ကုန်များ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခြင်းကို၊ ယမန်နေ့နံနက်(၇)နာရီက ဈေးကွက်သစ်ရပ်ကွက်၊ ရွှေညောင်ပင်လမ်း မြို့မစည်ပင်သာယာဈေးကြီးအနီးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


အများပြည်သူ ဈေးနှုန်းသက်သာစွာ ဝယ်ယူစာသုံးနိုင်စေရန်အတွက် အခြေခံစားသောက်ကုန်များဖြစ်သည့် ဝင်သား (၁) ပိသာ (၁၅၀၀၀)ကျပ်ဖြင့် ပိသာ(၄၀)၊ ဆိတ်သား(၁)ပိသာ (၁၈၀၀၀)ကျပ်ဖြင့် ပိသာ(၃၀)၊ အမဲသား(၁)ပိသာ (၁၂၀၀၀)ကျပ်ဖြင့် ပိသာ(၅၀)၊ ကြက်ဥ(၁)လုံးလျှင်(၂၂၀)ကျပ်နှုန်းဖြင့် အလုံး(၃၀၀)ပါ (၁၆၂)ကတ်၊ ပန်းမုန်လာတစ်ပွင့်လျှင် (၅၀၀)ကျပ်ဖြင့် အပွင့်(၅၀၀)၊ ခရမ်းချဉ်သီး(၁)ပိသာလျှင် (၁၀၀၀)ကျပ်ဈေးဖြင့် ပိသာ(၃၀၀)၊ စားအုန်းဆီ (၁)ပိသာလျှင် (၄၅၀၀)ကျပ်နှုန်းဖြင့် ပိသာ(၂၀၀၀) စသည့် စားသောက်ကုန် (၇)မျိုးကို ရောင်းချပေးခဲ့ကြောင်းနှင့် အဆိုပါဈေးရောင်းချရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်၊ အတွင်းရေးမှူး ရဲမှူးမျိုးမင်းနှင့် မြို့နယ်ကုန်ဈေးနှုန်း တည်ငြိမ်ကျဆင်းရေး လုပ်ငန်းအဖွဲ့ဝင် များဖြစ်သည့် မြို့နယ်စည်ပင်သာယာအမှုဆောင်အရာရှိ၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံနှင့်တာဝန်ရှိသူများ လာရောက် ကြည့်ရှုအားပေးကြီးကြပ်ခဲ့ကြကြောင်း သိရပြီး၊ ပြည်သူများမှ ကြိတ်ကြိတ်တိုး ဝယ်ယူအားပေးခဲ့ကြကြောင်း သိရသည်။


နေအောင်

https://t.me/MyanmarNationalPost




No comments:

Post a Comment