ရွှေတောင်မြို့နယ်တွင် ဧရာဝတီမြစ် ရေပြန်လည်ချဆင်း၍ နေအိမ်များသို့ပြန်လည်ပြောင်းရွေ့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်တွင် ဧရာဝတီမြစ် ရေပြန်လည်ချဆင်း၍ နေအိမ်များသို့ပြန်လည်ပြောင်းရွေ့






MNP ၊  စက်တင်ဘာ  ၁၅

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်း ဧရာဝတီမြစ်ရေပြန်လည်ချဆင်း၍ နေအိမ်များသို့ပြန်လည်ပြောင်းရွေ့နေထိုင်ကြကြောင်းသိရသည်။


ဧရာဝတီမြစ်ရေပြန်လည်ချဆင်း၍ ယွန်းတန်းရပ်ကွက် အေးစေတီဘုရားဝန်း၊ရွှေမျက်မှန်ဘုန်းကြီးကျောင်း၊၊သရက်တောရပ်ကွက်အတွင်းရှိ နီးစပ်ရာဆွေမျိုးအိမ်၊ကြာနီကန်ရပ်ကွက်အတွင်းရှိ သာသနာ့ဗိမ္မာန်၊မဟာဝုဏ်ကျောင်းကြီးကျောင်း၊မင်းတဲကျွန်းကျေးရွာအုပ်စုရှိ ဆုတောင်းပြည့်ဘုရားဝန်းနှင့်ဇီးကျွန်းကျေးရွာအုပ်စုရှိ နီးစပ်ရာဆွေမျိုးအိမ်တို့နေထိုင်သည့်အိမ်ခြေ( ၃၄) အိမ်၊အိမ်ထောင်စု ( ၃၄) စု၊လူဦးရေ (၁၂၇) ဦးတို့ဧရာဝတီမြစ်ရေပြန်လည်ချဆင်း၍ လည်းကောင်းတို့၏မူလနေထိုင်သည့်အိမ်များသို့ ပြန်လည်ပြောင်းရွေ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဟံဝင်းအောင် ၏ကြီးကြပ်မှုဖြင့်သက်ဆိုင်ရာရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများကကူညီဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။


ကိုကိုမင်း

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)