MNP ၊ စက်တင်ဘာ ၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ်၊ သဖန်းဆိပ်ဆည်အတွင်း KIA/PDF အကြမ်းဖက်သမားများနှင့် တရားမဝင်ရွှေဖောင်များဖြင့် ပြန်လည်၍ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
သဖန်းဆိပ်ဆည်အတွင်း PDF အကြမ်းဖက်သမားများပြန်လည်ရောက်ရှိလာခဲ့ပြီး တရားမဝင်ရွှေတူးဖော်နေခြင်းများ ပြန်လည်လုပ်ကိုင်နေကြောင်း၊ PDF အကြမ်းဖက်သမားများက ရွှေဖောင်များထံမှ ဆက်ကြေးငွေအများအပြားကောက်ခံရရှိနေကြောင်း သိရပါသည်။
သဖန်းဆိပ်ဆည်အတွင်း KIA/PDF အကြမ်းဖက်သမားများက တရားမဝင်ရွှေဖောင်များထံမှ ဆက်ကြေးကောက်ယူပြီး အကြမ်းဖက်လှုပ်ရှားမှုအတွက် ရန်ပုံငွေရှာဖွေလျက်ရှိကြောင်း သတင်းများ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်ခဲ့ပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ရှင်းလင်းမှုများ လုပ်ဆောင်ခဲ့သော်လည်း ရှင်းလင်းရေးတွင် ပါဝင်ခဲ့သူများ၏ ပြောပြချက်အရ တရားမဝင် ရွှေဖောင် ထောင်ကျော်ရှိသည့်အနက် သုံးပုံတစ်ပုံခန့်ကိုသာ ရှင်းလင်းနိုင်ကြောင်း၊ ဖောင်မျှော၍ ထွက်ပြေးသွားသူများကို လိုက်ပါရှင်းလင်းရန် ခက်ခဲကြောင်း၊ မြေပြင်ရှင်းလင်းရေးအဖွဲ့နှင့်အတူ လေကြောင်းမ စစ်ကူ ပစ်ကူပေးမှသာ ရှင်းလင်းနိုင်မည်ဖြစ်ကြောင်း သိရသည်။
KIA/PDF အကြမ်းဖက်သမားများသည် သဖန်းဆိပ်ဆည် တာဝန်ခံရုံးများ ကားများကို ဓားမြတိုက် ယူဆောင်သွားသည့် ဖြစ်စဉ်များလည်း ဖြစ်ပေါ်ခဲ့ဖူးသည်။
#MyanmarNationalPost

No comments:
Post a Comment