MNP ၊ စက်တင်ဘာ ၂၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် mobile library စနစ်ဖြင့် ကျောင်းသား၊ကျောင်းသူများ လက်ဝယ်အရောက် စာအုပ်စာစောင်များ (အခမဲ့) ကွင်းဆင်းငှားရမ်းပေးခြင်းနှင့် အသိပညာပေး နံရံကပ်စာစောင်များ၊ စာအုပ်စာစောင်ပြပွဲကို စက်တင်ဘာလ ၁၈ ရက်နေ့ မွန်းလွဲပိုင်းက စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ပြည်သူ့စာကြည့်တိုက်သို့ လာရောက်ငှားရမ်းရန် အခက်အခဲ ရှိနေသည့် ကျောင်းသား၊ ကျောင်းသူများအတွက် စာပေဖတ်ရှုမှု အဆင်ပြေစေရန်၊ အသိပညာ ဗဟုသုတများ တိုးပွားစေရန်၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန်နှင့် စာဖတ်ရှိန် မြှင့်တင်ရေး ရည်ရွယ်ကာ သုတ/ရသစာအုပ်များကို ကျောင်းသား၊ကျောင်းသူများ လက်ဝယ်အရောက် ငှားရမ်းပေးခဲ့ရာ ယခင်ငှားရမ်းပေးခဲ့သော စာအုပ်များအား ပြန်လည်သိမ်းဆည်းပြီး စာအုပ်စာစောင်အသစ်များ ထပ်မံငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်၊ လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး နံရံကပ် စာစောင်များနှင့် သုတ/ရသ စာအုပ်စာစောင်များကို ကျောင်းသား၊ကျောင်းသူများက စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment