နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစစ်ဆေး


MNP ၊ စက်တင်ဘာ ၁၂

နိုင်ငံ‌တော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒေါ်ဒွဲဘူသည် ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့်အတူ ယမန်နေ့က ဗန်းမော်မြို့နယ်အတွင်း MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်နှင့်အဖွဲ့သည် ဗန်းမော်မြို့ ညောင်ပင်ရပ်ကွက် ကမ်းနားရှိ ပိုင်ရှင်ဦးရိုး၏ နေမင်းဆီစက်နှင့်ဗန်းမော်ပဲဆီသန့် ရောင်းဝယ်ရေးလုပ်ငန်း၌ တန် ၂၀ ကျဆီစက် လည်ပတ်ထုတ်လုပ်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးသည်။

ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဝင်နှင့်အဖွဲ့ သည် ဗန်းမော်မြို့ သာစည်ရပ်ကွက်အတွင်းရှိ ပိုင်ရှင်ဦးရီခမ်း၊ ဒေါ်အေးငင်းတို့၏ ဗန်းမော်ဒေသထွက် ချဉ်စော်ကားသီး ထုတ်လုပ်သည့် ရှမ်းမလေးယိုစုံနှင့် ဝိုင်လုပ်ငန်း ဆောင်ရွက်နေသည့်နေရာ၌ ချဉ်စော်ကားသီးဖြင့် ယိုစုံထုတ်လုပ်နေမှုနှင့် အချဉ်ဖောက်၍ ဝိုင်ထုတ်လုပ်မှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး အရည်အသွေးမြှင့်ထုတ်ကုန်တစ်ခုအဖြစ် တိုးမြှင့်ထုတ်လုပ်နိုင်ရေး၊ ပြည်ပပို့ကုန်တစ်ခုအဖြစ် ရည်ရွယ်ထုတ်လုပ် နိုင်ရေးအတွက် ပံ့ပိုးကူညီပေးနိုင်ရေး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်သည် ဗန်းမော်မြို့ဟန်းတဲရပ်ကွက် ဖန်ခါးကုန်းအတွင်းရှိ စိန်သုံးလုံးဆန်စက်၌ တန် ၆၀ ကျ ဆန်စက်နှင့် စပါးအခြောက်ခံစက်လည်ပတ်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ ဆက်လက်၍ အဆိုပါရပ်ကွက်အတွင်းရှိ မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ ဆောင်ရွက်လျက်ရှိသည့် နည်းပညာတက္ကသိုလ် အဝင်လမ်းအရှည်ပေ ၁၀၀၀၊ အကျယ် ၁၈ ပေရှိ ကွန်ကရစ်လမ်းသစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။

ထိုမှတစ်ဆင့် ဗန်းမော်မြို့(၃)မိုင် ရွှေပြည်သာရပ်ကွက်ရှိ စိန်သရဖူဆန်စက်၌ တန် ၁၀၀ ကျ စိန်သရဖူဆန်စက်လည်ပတ် ထုတ်လုပ်နိုင်ရေးပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်က ဗန်းမော်မြို့သည် ကုန်းလမ်း၊ ရေလမ်း၊ လေကြောင်းတို့ဖြင့် ဆက်သွယ်သွားလာနိုင်သည့် ဒေသဖြစ်သည့်အပြင် တရုတ်နိုင်ငံနှင့် နယ်စပ်ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်သဖြင့် MSME လုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်စေခြင်းဖြင့် အချိန်တိုအတွင်း တိုးတက်မှုမြန်ဆန်လာမည့် ဒေသတစ်ခုဖြစ်ကြောင်းပြောကြားပြီး ထုတ်ကုန်များအရည်အသွေးမြှင့် ထုတ်လုပ်နိုင်ရေးနှင့် နည်းပညာ၊ စက်ကိရိယာများ ပံ့ပိုးကူညီပေးသွားနိုင်ရေး လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)