ဂန့်ဂေါမြို့နယ် တောင်ခင်ရန်းရွာမှ တောင်သူများ ဆည်ရေမရအောင် PDF က ပိတ်ဆို့ထားဟုဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂန့်ဂေါမြို့နယ် တောင်ခင်ရန်းရွာမှ တောင်သူများ ဆည်ရေမရအောင် PDF က ပိတ်ဆို့ထားဟုဆို


MNP ၊ စက်တင်ဘာ ၁၇

ဂန့်ဂေါမြို့နယ်၊ တောင်ခင်ရန်းကျေးရွာသည် ဆည်ရေအသုံးပြု၍ စိုက်ပျိုးရေးလုပ်ကိုင်ရခြင်းဖြစ်ပြီး ဆည်ဘေးဝဲယာရှိ PDF အကြမ်းဖက်သမားများက ဆည်ရေကို ပိတ်ဆို့ထားကြောင်း ဒေသခံများထံမှ သိရသည်။

ဒေသခံတစ်ဦးက "ဒီနှစ် စပါးတွေက အောင်မှာတောင် မဟုတ်ဘူး။ ဆည်ရေနဲ့ စိုက်ပျိုးရတာ။ တောင်ခင်ရန်းဘက်ကို ဆည်ရေမလာအောင် PDF က ပိတ်ထားတယ်။ ဆည်ဘေး ဝဲယာမှာ PDF စခန်းတွေ ရှိပါတယ်။" ဟု ပြောသည်။

ဂန့်ဂေါမြို့နယ်အတွင်း ပြည်သူ့စစ်ဖွဲ့စည်းထားသော ကျေးရွာများတွင် စားနပ်ရိက္ခာပြတ်လပ်မှု၊ စိုက်ပျိုးရေးအခက်အခဲများ ဖြစ်ပေါ်လျက်ရှိသည်ကို ဒေသခံများက ဆက်သွယ်တင်ပြကြသော်လည်း ကူညီဆောင်ရွက်ပေးမည့်သူ မရှိပေ။

PDF အကြမ်းဖက်သမားများသည် ဂန့်ဂေါမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ၎င်းတို့နှင့် ပူးပေါင်းဆောင်ရွက်ခြင်းမရှိသော ကျေးရွာများမှ ပြည်သူများကို အတိဒုက္ခရောက်စေရန် နည်းမျိုးစုံဖြင့် လုပ်ဆောင်လျက်ရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)