မြင်းမူမြို့နယ် လက်ပံသာကျေးရွာ ဘုရားဝန်းအတွင်း တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် PDF အကြမ်းဖက်သမားများ သိုဝှက်ထားသော လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြင်းမူမြို့နယ် လက်ပံသာကျေးရွာ ဘုရားဝန်းအတွင်း တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် PDF အကြမ်းဖက်သမားများ သိုဝှက်ထားသော လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ








MNP ၊ စက်တင်ဘာ ၁၇

မြင်းမူမြို့နယ် လက်ပံသာကျေးရွာ ကမ္ဘာအေးရှင်မင်းချမ်းသာ ဆုတောင်းပြည့်ဘုရားဝန်းအတွင်း ယမန်နေ့ ညနေပိုင်းက သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်စစ်ဆေးရာ တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် လုပ်နေသော ခွေးဝဲစား PDF အကြမ်းဖက်သမားများ၏ လက်နက်၊ ခဲယမ်း၊ ဆက်စပ်ပစ္စည်းများစွာ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ဘုရားဝန်းအတွင်း ပြည်ဖျက်မိစ္ဆာ PDF အကြမ်းဖက်သမားများ သိုဝှက်ထားသော ၁၂၀မမ လက်လုပ်စိန်ပြောင်း ၃ လက်၊ ၈၁မမ လက်လုပ်စိန်ပြောင်း ၂ လက်၊ ၆၀မမ လက်လုပ်စိန်ပြောင်း ၈ လက်၊ ၆၀မမ လက်လုပ်စိန်ပြောင်း(၃လက်တွဲ) ၁ လက်၊ ၄၀မမ လက်လုပ်သေနတ် ၃ လက်၊ လက်လုပ်သေနတ် ၁၀ လက်၊ လက်လုပ်ရှော့တိုက်ပြောင်းမျိုးစုံ ၁၀၁ ခု၊ လက်လုက်ရှော့တိုက်ဒုံးသီး ၁၁ လုံး၊ ၆၀ မမလက်လုပ်ဗုံးသီး ၄၇ လုံး၊ ၈၁ မမလက်လုပ်ဗုံးသီး ၈၉ လုံး၊ လက်လုပ်အီနာဂါဗုံးသီး ၁၀ လုံး၊ လက်လုပ်မိုင်း ၄ လုံး၊ ယမ်းမှုန့် ၂၀ ပိဿာ၊ ယမ်းချောင်း ၁၂၀ ချောင်းတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

(အကြမ်းဖက်ဘေးအန္တရာယ် ကင်းရှင်းရေး ဆောင်ရွက်နေကြသော တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင်၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ ဘေးအန္တရာယ် ကင်းရှင်းပါစေ။ ပြည်ဖျက်မိစ္ဆာ အစွန်းရောက် အကြမ်းဖက်အန္တရာယ်များကို အောင်မြင်စွာ နှိမ်နင်းနိုင်ကြပါစေ။)

No comments:

Post a Comment