MNP ၊ အောက်တိုဘာ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ ဘိုကလေးပညာရေးဒီဂရီကောလိပ်တွင် ပညာရေးဘွဲ့ (BED) စာပေးစာယူသင်တန်း အမှတ်စဉ်(၄/၂၃)ပထမနှစ်နှင့် အမှတ်စဉ်(၂/၂၂)ဒုတိယနှစ် သင်တန်းများအား အောက်တိုဘာ(၁၁)ရက်နေ့မှ စတင်၍ ဖွင့်လှစ်ပို့ချလျက်ရှိရာ ယမန်နေ့ နံနက်(၇)နာရီခွဲအချိန်တွင် အဆိုပါ ကောလိပ်ပညာဂုဏ်ရည်ခန်းမ၌ ပညာရေးဘွဲ့(BED) စာပေးစာယူသင်တန်း အမှတ်စဉ် (၄/၂၃) ပထမနှစ် သင်တန်းသား/သူများ ကြိုဆိုပွဲကျင်းပရာ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဖျာပုံခရိုင် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ဘိုကလေးပညာရေးဒီဂရီ ကောလိပ်မှ တာဝန်ရှိသူများ၊ သင်တန်းသား/သူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ယခုသင်တန်းသို့ တက်ရောက်လာကြသော သင်တန်းသား/သူ၊ ဆရာ/မများ အနေဖြင့် တိုးတက်ပြောင်းလဲလာသော ပညာရေးစနစ်နှင့်အညီ စွမ်းရည်ပြည့်ဝ သော တပည့်များ မွေးထုတ်ပေးနိုင်ဖို့ရာ မိမိတို့ကိုယ်တိုင် စွမ်းရည်ပြည့်ဝစေရန် စာပေများအား များစွာဖတ်ရှု လေ့လာကြရန်လိုအပ်ကြောင်း၊ မိမိတို့ကိုယ်ကိုယ် ထာဝရကျောင်းသားကြီးအဖြစ် နှလုံးသွင်း ခံယူထားကြရန်လိုအပ်ကြောင်း၊ တပည့်များ၏ လေးစားအားထား စံပြဖြစ်ဖွယ်ရာ နာ(၃)နာကို အခြေခံ၍ ကျင့်ကြံနေထိုင်ပြုမူကြရန် လိုအပ် ကြောင်း ဩဝါဒစကား မြွက်ကြားသည်။
ထို့နောက် သင်တန်းသို့ တက်ရောက်လာကြသော ဖျာပုံမြို့နယ်၊ ဘိုကလေးမြို့နယ်၊ ကျိုက်လတ်မြို့နယ်၊ ဒေးဒရဲမြို့နယ်၊ မအူပင်မြို့နယ်၊ ပန်းတနော်မြို့နယ်၊ ဓနုဖြူမြို့နယ်နှင့် ညောင်တုန်းမြို့နယ်များမှ သင်တန်းသား/ သူများက တိုင်းဒေသကြီးဝန်ကြီးချုပ်အား မြို့နယ်အလိုက် မိတ်ဆက်ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က သင်တန်းအတွက် ထောက်ပံ့ငွေကျပ် (၁၄)သိန်းပေးအပ်ရာ ဘိုကလေးပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီး ဒေါ်ခင်ချိုမြင့်က လက်ခံရယူခဲ့သည်။
ယခု ဘိုကလေးပညာရေးဒီဂရီကောလိပ်တွင် ဖွင့်လှစ်သော ပညာရေးဘွဲ့(BED) စာပေးစာယူသင်တန်းအမှတ်စဉ် (၄/၂၃)ပထမနှစ်တွင် သင်တန်းသား/သူဦးရေ (၃၅၇)ဦးနှင့် (၂/၂၂)ဒုတိယနှစ် သင်တန်းသား/သူဦးရေ (၃၄၃)ဦး၊ စုစုပေါင်းသင်တန်းသား/သူ (၇၀၀)ဦး တက်ရောက် လျက်ရှိကြောင်း သိရသည်။
မိုးစက်
https://t.me/MyanmarNationalPost
No comments:
Post a Comment