MNP ၊ အောက်တိုဘာ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ ဆင်းရဲမှုလျှော့ချစေရန်၊ တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများနှင့် မိသားစုဝင်ငွေတိုးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်းကို မြို့နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး အောက်တိုဘာလ (၁၆)ရက်နေ့က ၂၀၂၃-၂၀၂၄ ခုဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မည့် တာဂွကျေးရွာအုပ်စု၊ တာဂွကျေးရွာ၌ စီမံကိန်းလည်ပတ်ရန်ပုံငွေထုတ်ချေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။
စီမံကိန်းလည်ပတ် ရန်ပုံငွေများထုတ်ချေးပေးရာတွင်လည်း မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် တာဂွကျေးရွာအတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ (၃၅)ဦး၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ (၂၇)ဦး၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ (၄၈)ဦး၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းလုပ်ကိုင်သူ (၄)ဦး၊ စုစုပေါင်းအသင်းသား (၁၁၄)ဦးကို စီမံကိန်းရန်ပုံငွေကျပ် (၂၉.၄)သန်းအား တိုက်ကြီးခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်လဲ့လဲ့မွန်၊ မြို့နယ်ဦးစီးမှူး ဒေါ်ဥမ္မာရွှေတို့မှကြီးကြပ်၍ ကျေးရွာစီမံကိန်းတာဝန်ခံများ၊ ကျေးရွာစီမံကိန်းကော်မတီဝင်များနှင့်အတူ စီမံကိန်းလက်စွဲစာစောင်ပါညွှန်ကြားချက် များနှင့်အညီ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
ဇင်မင်းထိုက်
https://t.me/MyanmarNationalPost
No comments:
Post a Comment