ပွင့်ဖြူမြို့၌ ပြည်သူများ ယာဉ်အန္တရာယ်ကင်းဝေးစေရန်အတွက် အရှိန်ထိန်းအချက်ပြမီးဝါများ တပ်ဆင်ဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပွင့်ဖြူမြို့၌ ပြည်သူများ ယာဉ်အန္တရာယ်ကင်းဝေးစေရန်အတွက် အရှိန်ထိန်းအချက်ပြမီးဝါများ တပ်ဆင်ဆောင်ရွက်





MNP ၊ အောက်တိုဘာ  ၅

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့က မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ စက်တပ် ယာဉ်များ မောင်းနှင်သွားလာရာ၌ ယာဉ်စည်းကမ်း  ၊ လမ်းစည်းကမ်းများနှင့် အညီ စနစ်တကျ မောင်းနှင်သွားလာတတ် စေရန်နှင့် အများပြည်သူ ယာဉ်အန္တရာယ်ကင်းဝေးစေရန် ရည်ရွယ်၍ ယမန်နေ့က ပွင့်ဖြူမြို့တွင်း ယာဉ်များသွားလာအသုံး ပြုမှုများသော ချယ်ရီလမ်းနှင့် သန့်စင်လမ်းတို့တွင် အရှိန်ထိန်းအချက်ပြမီးဝါများ တပ်ဆင်ဆောင်ရွက်ထားရှိခဲ့ကြောင်း သိရသည်။


ထိုသို့ ယာဉ်အန္တရာယ်ကင်းဝေးစေရေးအတွက် အရှိန်ထိန်းအချက်ပြမီးဝါများ တပ်ဆင်ဆောင်ရွက်ရာတွင် ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့် ၏ ကြီးကြပ်မှုဖြင့် ဝန်ထမ်းများက ဒေသခံပြည်သူများ မြို့တွင်းသို့ စက်တပ်ယာဉ်များ စီးနင်းသွားလာရာ၌ အများပြည်သူ ယာဉ်အန္တရာယ်ကင်းဝေးစေရန် သတ်မှတ်ထားရှိသော ယာဉ်စည်းကမ်း ၊ လမ်းစည်းကမ်းများအတိုင်း စနစ်တကျ မောင်းနှင်းသွားလာနိုင်ရန်အတွက် ပွင့်ဖြူမြို့တွင်း ယာဉ်များနှင့် လူအသွားအလာများသော ချယ်ရီလမ်းနှင့် သန့်စင်လမ်းတို့တွင် အရှိန်ထိန်းအချက်ပြမီးဝါ(၄)ခုအား စနစ်တကျ တပ်ဆင်ဆောင်ရွက်ခဲ့ကြပြီး အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် အသိပညာပေးခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့အနေဖြင့် ပွင့်ဖြူမြို့အား မြို့ပြအင်္ဂါရပ်နှင့်အညီ အစဉ်အမြဲ သန့်ရှင်းသာယာလှပစေရန်အတွက် မြို့ပြသန့်ရှင်းရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ပြုလုပ်ဆောင်ရွက်လျက်ရှိသည့်အပြင် ဒေသခံပြည်သူများ ယာဉ်အန္တရာယ်ကင်းဝေးစေရန်နှင့် စက်တပ်ယာဉ် စီးနင်းသွားလာသူများ သတ်မှတ် ယာဉ်စည်းကမ်း ၊ လမ်းစည်းကမ်းများနှင့်အညီ စနစ်တကျ မောင်းနှင်သွားလာနိုင်ရန်အတွက် မြို့တွင်းလမ်းဆုံ ၊ လမ်းခွများ၌ ယာဉ်အရှိန်ထိန်း Slow Down များ ပြုလုပ်ခြင်း ၊ မီးပွိုင့်များ တပ်ဆင်ခြင်းနှင့် ယခုကဲ့သို့ ယာဉ်အရှိန်ထိန်းအချက်ပြမီးဝါများ တပ်ဆင် ခြင်းတို့ကို ပြုလုပ်ဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် မြို့ပတ်ဝန်းကျင် သန့်ရှင်းသာယာရေးအတွက် စွန့်ပစ်ပလတ်စတစ် အမှိုက်များ ကောက်ယူရှင်းလင်းခြင်း ၊ အမှိုက်သိမ်းယာဉ်များဖြင့် အမှိုက်များ လိုက်လံသိမ်းဆည်းပေးခြင်း ၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုလျော့နည်းပပျောက်စေရန် အပတ်စဉ် တနင်္လာနေ့တိုင်း စည်ပင်သာယာဈေးများ၌ ပလတ်စတစ် သုံးစွဲမှုလျော့ချရေး အသိပညာပေးခြင်းလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့် ထံက သိရသည်။ 


လှိုင်ဝင်းလေး

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)