လပွတ္တာခရိုင်အတွင်းရှိ ကျေးလက်လမ်းတံတားများအား ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လပွတ္တာခရိုင်အတွင်းရှိ ကျေးလက်လမ်းတံတားများအား ကွင်းဆင်းစစ်ဆေး


MNP ၊ အောက်တိုဘာ  ၅

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်အတွင်းရှိ ၂၀၂၃-၂ဝ၂၄ ခုဘဏ္ဍာရေးနှစ်အတွင်း ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ကျေးလက်လမ်းတံတားလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုကို ယနေ့နံနက် ၉ နာရီချိန်တွင် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့သည်။


ဧရာဝတီတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ) ဦးထွေးကိုကိုနှင့် တာဝန်ရှိသူများက လပွတ္တာမြို့နယ်၊ လပွတ္တာ-မြောင်းမြကားလမ်းမှ ပိန္နဲတောင်ကျေးရွာသို့ ဆက်သွယ်သောလမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း၊ လပွတ္တာ-မြောင်းမြကားလမ်းမှ ဉာဏ်ကွင်း(ကံရွာ)သို့ ဆက်သွယ်သောလမ်း ကျောက်ချောခင်းခြင်းလုပ်ငန်း၊ ပျဉ်ထောင်တွင်း-ဥက္ကံ-ကပြိုကျေးရွာချင်းဆက်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း၊ သင်္ဃန်းကြီး-ကုန်းကြီး-ဂုံညှင်းတန်းကျေးရွာချင်းဆက်လမ်း ကမ်းထိန်းနံရံတည်ဆောက်ခြင်းလုပ်ငန်း၊ မော်လမြိုင်ကျွန်းမြို့နယ်၊ မော်ကျွန်း-ကျိုက်လတ်ကားလမ်းတာမှ မစိုးရိမ်-ထနီး-သရက်ချောင်း-သစ်တိုဆိပ်ကျေးရွာသို့ ဆက်သွယ်သော လမ်းကျောက်ချောခင်းခြင်းလုပ်ငန်း၊ မော်ကျွန်း-ရန်ကုန်ကားလမ်းတာမှစခန်းကြီး-ပုတီးရိုးကျေးရွာချင်းဆက်လမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း၊ မော်ကျွန်း-ရန်ကုန် ကားလမ်းတာမှ မယ်တလိုင်းကျေးရွာသို့ ဆက်သွယ်သော လမ်းကျောက်ချောခင်းခြင်း လုပ်ငန်းနှင့် Box Culvert (၂)စင်း တည်ဆောက်ခြင်းလုပ်ငန်း၊ မော်ကျွန်း-ဘိုကလေး ကားလမ်းတာမှ နွားရေကျော်-ကျောင်းစု-ပျားမွှတ်-လျှော်ချောင်းကျေးရွာသို့ ဆက်သွယ်သောလမ်းပေါ်တွင် Box Culvert (၂)စင်း တည်ဆောက်ခြင်းလုပ်ငန်းနှင့် ကျော်ဇံအုပ်စု၊ တုံလှဲ-ဂျိုဝါတံတားထိပ်မှ ဂျိုဝါကျေးရွာ ဆက်သွယ်ရေးလမ်းပေါ်ရှိ Culvert(၅)စင်း တည်ဆောက်ခြင်းလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးရာ လပွတ္တာခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဒေါ်ကြွယ်ကြွယ်ဝင်း၊ လပွတ္တာမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ(မြို့ပြ)(တာဝန်) ဒေါ်သန်းသန်းဝင်းနှင့် မော်လမြိုင်ကျွန်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ(မြို့ပြ)(တာဝန်) ဒေါ်မို့မို့သန့်တို့က လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအမံများ၊ ကုမ္ပဏီ၏ တာဝန်ခံအင်ဂျင်နီယာများက မိမိတို့တာဝန်ယူဆောင်ရွက်ရသော လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ)ဦးထွေးကိုကိုမှ လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)