မြို့သစ်မြို့တွင်ငရုတ်သီးစိမ်းစျေးနှုန်းမျာအနည်း ငယ်ကျဆင်းလာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြို့သစ်မြို့တွင်ငရုတ်သီးစိမ်းစျေးနှုန်းမျာအနည်း ငယ်ကျဆင်းလာ



MNP ၊ အောက်တိုဘာ  ၅

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားပြီး လုပ်ကိုင်ကြပြီး မြို့နယ်အတွင်းမှ တောင်သူများသည် စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့် ငရုတ်ပင်ကို အဓိကထားစိုက်ပျိုးခဲ့ရာ ငရုတ်သီးဈေးများကျဆင်းနေသဖြင့် အရှုံးပေါ်ပြီး အခက်ကြုံနေကြကြောင်း မြို့သစ်မြို့နယ်အတွင်းမှ ငရုတ်စိုက်တောင်သူများထံကသိရသည်။


"ငရုတ်သီးစိမ်းက မီးဖိုချောင်သုံးစားစရာရောင်းကုန်အဖြစ်နဲ့ အဓိကရောင်းချရတာပါ။ စောစောပိုင်းက ငရုတ်သီးစိမ်းဈေး ၂၀၀၀/ကျပ် ဈေးကနေ တဖြည်းဖြည်းတက်လာကာ တစ်ပိဿာ၂၈၀၀/၃၀၀၀ကျပ်ဈေးအထိ မြင့်တက်လာခဲ့တာကြောင့် ငရုတ်စိုက်တောင်သူတွေ အတော်အဆင်ပြေခဲ့ပါတယ်။ အခုရာသီအကူးအပြောင်း ငရုတ်သီးများပေါ်ချိန်မှာ ယခင်နှစ်ကဈေးအတိုင်းတစ်ပိဿာ ၁၆၀၀/ကျပ်အထိ  ဈေးကျသွားတဲ့အတွက် ငရုတ်စိုက်ပျိုးကြတဲ့ ကျွန်တော်တို့တောင်သူတွေအနေနဲ့ အရင်းရဖို့ကို အစွမ်းကုန် ကြိုးစားရောင်းချနေကြရပါတယ်"ဟုငရုတ်စိုက်တောင်သူတစ်ဦးကပြောသည်။


မြို့သစ်မြို့နယ်ရှိ ကျေးရွာများအနက် မြင်သာကျေးရွာ၊ ရေကြည်ပင်ကျေးရွာ၊ ဆင်ဖြူချီကျေးရွာ၊ မြေခြားကျေးရွာတို့တွင် ငရုတ်သီးပင်ကိုအဓိကထား စိုက်ပျိုးသည့်ဒေသဖြစ်ပြီး ငရုတ်ပင်ကို နွေ၊မိုး၊ဆောင်း အမျိုးမျိုးစိုက်ပျိုးလာကာ ယခုမြို့သစ်မြို့ ငရုတ်သီးဈေးကွက်မှာ တစ်ပိဿာလျှင် ၁၆၀၀ ကျပ်ရောင်းချနေရကြောင်း စိုက်ပျိုးလုပ်ကိုင်သူများထံမှ သိရသည်။


"ဒီနှစ် ရာသီ အခြားဟင်းသီးဟင်းရွက်ဈေးတွေ ဈေးအကုန်ပြန်တက်ခဲ့ပေမဲ့ ငရုတ်စိမ်းတစ်မျိုးတည်းသာ ကျပ် ၂၈၀၀ ဝန်းကျင်ကနေ  ၁၆၀၀ ကျပ်ဈေးအထိ ကျသွားခဲ့တာပါ။ အခုရက်ပိုင်း ငရုတ်သီးဈေးက တန့်နေတော့ ဈေးတက်လာမလား ဈေးထက်ကျသွားမလား စိုးတထိတ်ထိတ်ဖြစ်နေတာပေါ့" ဟု မြို့သစ်မြို့နယ်အတွင်းကျေးရွာများမှ စိုက်ခင်းပိုင်ရှင်တစ်ဦးက ဆက်လက်ပြောသည်။


 ရာသီအကူးအပြောင်း အပူရှိန်ပြင်းလို့အပင်ဖြစ်ထွန်းမှုနည်းသလို ပိုးမွှားကျရောက်မှုလည်း နည်း ပါးပြီး မိုးတွင်းကာလမှာတော့ အပင်ငယ်အချိန်မှာ မှိုရောဂါကျရောက်ပြီး ပျက်စီးဆုံးရှုံးမှုများနဲ့ ကြုံတွေ့ရသူတွေရှိသဖြင့် အထူးဂရုစိုက်ပြီး မှိုရောဂါအတွက် ပိုးသတ်ဆေးဖျန်း အပင်ကြီးလာတဲ့အခါမှာလည်း ရွက်လိပ်ပိုးနှင့် မှိုရောဂါများ ကျရောက်တတ်တာကြောင့် အထူးဂရုပြုစိုက်ပျိုးရပြီး ဝါနေသောအရွက်များနဲ့ လိပ်နေသောအရွက်များကို လှီးဖြတ်ပေးရကြောင်းလည်း ငရုတ်စိုက်ပျိုးလုပ်ကိုင်သူများထံမှ သိရသည်။


သန်းဝင်းထွန်း 

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)