ရန်ကုန်တိုင်းဒေသကြီး ရေလွှမ်းမိုးခံရသည့် အိမ်ထောင်စုများအား လူမှုရေးအသင်းအဖွဲ့များကရွှေ့ပြောင်းကူညီ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကုန်တိုင်းဒေသကြီး ရေလွှမ်းမိုးခံရသည့် အိမ်ထောင်စုများအား လူမှုရေးအသင်းအဖွဲ့များကရွှေ့ပြောင်းကူညီ



MNP ၊ အောက်တိုဘာ  ၉

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လှည်းကူးမြို့နယ်နှင့်‌မှော်ဘီမြို့နယ်များတွင် ယမန်နေ့ကမိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံခြင်းများဖြစ်ပေါ်လျက်ရှိရာ လူမှုရေးအသင်းအဖွဲ့များဖြစ်သော မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များနှင့် မြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ရွှေ့ပြောင်းကူညီခဲ့သည်။


ယမန်နေ့မွန်းလွဲ ၃ နာရီအချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဖူးကြီးရေလှောင်တမံသည် ပုံမှန်ရေပြည့်အမှတ်ထက်ပိုသောကြောင့် ရေပိုလွှဲများမှရေများလျှံကျလာ၍ မြောင်းတကာအုပ်စုအတွင်းရှိ ရွှေကျွန်းတောကျေးရွာ၊ အုတ်ဖိုစုကျေးရွာနှင့်နှင်းဆီမြိုင်ရပ်ကွက်များအတွင်းသို့ ရေဝင်ရောက်မှုများဖြစ်ပွားကြောင်း သိရှိရသဖြင့် မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များနှင့် မြို့နယ်မီးသတ်စခန်းမှရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ နေထိုင်ရန်အခက်အခဲရှိသောအိမ်ထောင်စုများအား ရေဘေးလွတ်ရာ နှင်းဆီမြိုင်ရပ်ကွက် မိဂဒါဝုန်ဘုန်းကြီးကျောင်းသို့ ကူညီရွှေ့ပြောင်းရေးလုပ်ငန်းနှင့် လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့သည်။


အလားတူယမန်နေ့တွင် လည်ကူးမြို့နယ်တွင်လည်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံခြင်းများ ဖြစ်ပေါ်လျက်ရှိရာ ဇီပင်ဝဲကျေးရွာမှ အိမ်ထောင်စု(၁၃)စုကို အောက်တိုဘာလ(၇)ရက်နေ့နံနက်ပိုင်းတွင် ရွှေ့ပြောင်းကူညီခဲ့ပြီး မြို့နယ်အနေဖြင့် စက်တင်ဘာလ(၁၉)ရက်နေ့မှ စတင်ကာရေကြီးရေလျှံမှုများဆက်တိုက်ဖြစ်ပေါ်ခြင်းကြောင့် လူမှုရေးအသင်းအဖွဲ့စေတနာလုပ်အားရှင်များက ယာယီရေဘေးရှောင်စခန်းသို့ရွှေ့ပြောင်းပေးလျက်ရှိသည်။


လက်တလောအခြေအနေတွင် ရေဘေးသင့်ပြည်သူများအတွက် အစားအစာ၊ သောက်ရေနှင့်ဆေးဝါးများလည်း လိုအပ်လျက်ရှိ‌ကြောင်းသိရှိရသည်။


အောင်မြင့်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)