MNP ၊ အောက်တိုဘာ ၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ ပြည်သူများ စားသုံးဆီနှင့် ပတ်သတ်၍ အခက် အခဲမရှိစေရေး ယနေ့နံနက်ပိုင်းက ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သား၊ ကူမဲ၊ ပလိပ်မြို့များရှိ စားသုံးဆီအရောင်းဆိုင်များတွင် ပြည်သူများအား စားအုန်းဆီများ ဈေးနှုန်းချိုသာစွာ ရောင်းချပေးခဲ့ကြောင်း သိရသည်။
စားသုံးဆီရောင်းချခြင်းများကို ကျောက်ဆည်မြို့၊ မြို့မဈေး အရှေ့ဘက်၊ ရွှေမုဌောဘုရားတိုက်တန်း၊ နေလသုခဆီအရောင်းဆိုင်မှ (၈၈၀) ပိဿာ၊ မြို့မဈေးအပြင်ဘက် တိုက်ခန်း ယံယံဆီအရောင်းဆိုင်မှ (၅၅၀)ပိဿာ၊ အေးမြကြည်လင်ဈေး အရှေ့ဘက် ကြံတိုင်းအောင် ဆီအရောင်းဆိုင်မှ (၅၅၀)ပိဿာ၊ အေးမြကြည်လင်ဈေး ပွဲရုံတိုက်တန်း နေလသုခဆီအရောင်းဆိုင်မှ (၇၇၀)ပိဿာ၊ မြစ်သားမြို့ ဒေါ်ဇာဆီ အရောင်းဆိုင်မှ (၅၅၀)ပိဿာ၊ ကူမဲမြို့ အောင်ကမ္ဘာဆီအရောင်းဆိုင်မှ (၅၅၀)ပိဿာ၊ ကူမဲမြို့၊ ကူမဲဈေး တောင်ဘက်တိုက်တန်း နယူးဖန်စီ ဆီအရောင်းဆိုင်မှ (၅၅၀)ပိဿာ၊ စဉ့်ကိုင်မြို့၊အုန်းပင်ခြံလမ်းခွဲ ဒေါ်လာဆီအရောင်းဆိုင်မှ (၅၅၀)ပိဿာ၊ ပလိပ်မြို့၊ ဈေးသစ်ရပ် ငွေပင်လယ်ဆီအရောင်းဆိုင်မှ (၅၅၀) ပိဿာ အသီးသီးရောင်းချပေးခဲ့ကြောင်းနှင့် ရောင်းချရာတွင် စားအုန်ဆီ(၁)ပိဿာလျင် ငွေကျပ် (၄၈၀၈)ကျပ်ဖြင့် ရောင်းချပေးခဲ့ကြောင်း ကျောက်ဆည်ခရိုင် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များ အသင်းမှ သိရသည်။
သက်မောင်
https://t.me/MyanmarNationalPost
No comments:
Post a Comment