ပင်လောင်းမြို့နယ်၌ ‌ဂေါ်ဖီထုပ်စိုက်ပျိုးသည့် တောင်သူများ အရှုံးပေါ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပင်လောင်းမြို့နယ်၌ ‌ဂေါ်ဖီထုပ်စိုက်ပျိုးသည့် တောင်သူများ အရှုံးပေါ်



MNP ၊ အောက်တိုဘာ  ၉

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ အနီးပတ်ဝန်းကျင်ကျေးရွာများ၌ စိုက်ပျိုးသည့် ဂေါ်ဖီထုပ်များ အရှုံးဖြင့်သာ ရောင်းချနေရကြောင်း ဂေါ်ဖီထုပ်စိုက်တောင်သူတစ်ဦးထံမှ သိရသည်။


“ယခုနှစ် ဂေါ်ဖီထုပ်စိုက်တာ အရှုံးပေါ်ပါတယ်။ ဇူလိုင်လကစပြီး ယခုအချိန်ထိ ဂေါ်ဖီထုပ် ဈေးမတက်သေးဘူး။ ဂေါ်ဖီထုပ်တစ်လုံးကို ကျပ် ၅၀ ဖြင့်သာ ရောင်းချနေရတယ်။ ဈေးမရဘူး စိုက်ပျိုးရေးစရိတ်နှင့် လူသားစရိတ်ကြီးမားလွန်းတာကြောင့် အရှုံးများစေခဲ့တယ်။ ဂေါ်ဖီထုပ် ဈေးကောင်းချိန်ဆိုရင်လည်း ဈေးကောင်းလွန်းတယ်။ မရှိချိန်ဆိုရင်လည်း လုံးလုံးဈေးမရှိဘူး။ ပုံမှန်ဈေးတန်းလေးတစ်ခုရှိနေရင်တော့ ကျွန်တော်တို့ စိုက်ပျိုးရေးတောင်သူတွေ အားရှိတာပေါ့။ တစ်ရာသီရှုံး တစ်ရာသီမြတ်နဲ့ နောက်ဆုံး ကျွန်တော်တို့ တောင်သူတွေ အကြွေးသံသရာလည်နေတာပေါ့။ ပုံမှန်ဈေးလေးကို ရချင်ပါတယ်ဗျ” ဟု ကောင်နာကျေးရွာမှ ဂေါ်ဖီထုပ်စိုက်တောင်သူတစ်ဦးက ပြောသည်။


“ကျွန်တော်တို့က တစ်ဆင့်ခံ ဂေါ်ဖီထုပ် ဝယ်ရောင်းလုပ်တဲ့ ကုန်သည်ပါဗျ။ ရှေ့က ကုန်သည်ကြီးတွေက ပေးတဲ့ဈေးနဲ့ လုပ်သားခ၊ ကားခတွက်ပြီး ဂေါ်ဖီထုပ်စိုက်ပျိုးတဲ့ တောင်သူတွေနား ခြံပြတ် တစ်ထုပ်ဘယ်လောက်နဲ့ ဝယ်ပါတယ်ဗျ။ တကယ်တော့ လုပ်သားခနဲ့ ကားခတွေကြောင့် စိုက်ပျိုးရေးတောင်သူတွေအတွက် အကျိုးအမြတ်နည်းသွားတာပေါ့။ ကျွန်တော်တို့ တစ်ဆင့်ခံကုန်သည်တွေလည်း ဂေါ်ဖီထုပ် ဈေးတက်စေချင်ပါတယ်ဗျ။ ဂေါ်ဖီထုပ်စိုက်တဲ့ တောင်သူတွေရှိနေလို့ ကျွန်တော်တို့တစ်ဆင့်ခံတောင်သူတွေ အလုပ်ရှိနေတာပါဗျ။” ဂေါ်ဖီထုပ်ရောင်းဝယ်နေသည့် သာယာအုန်းကျေးရွာမှ တစ်ဆင့်ခံ ကုန်သည်တစ်ဦးက ပြောသည်။


ရှမ်းတောင်တွင် ဂေါ်ဖီထုပ်များကို ရွာငံ၊ ပင်းတယ၊ နောင်တရား၊ အောင်ပန်း စသည့်မြို့များတွင် အများဆုံးစိုက်ပျိုးကြပြီး မြန်မာနိုင်ငံအနှံသို့ တင်ပို့ရောင်းချကြသည်။ အောင်ပန်းကုန်စည်ဒိုင်တွင် ဂေါ်ဖီထုပ် အရွယ်အစားပေါ်မူတည်၍ ကျပ် ၅၀၀မှ ကျပ် ၇၀၀ အထိ အရောင်းအဝယ်ပြုလုပ်ကြကြောင်း သိရသည်။


ခွန်အောင်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)