ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေး၏တိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူအားလုံး၏ ၃၀-၄၀ရာခိုင်နှုန်း နီးပါးသည် ကလေးငယ်များဖြစ်ကြောင်း စစ်ဘက်ဆရာဝန်တစ်ဦး ပြော - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေး၏တိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူအားလုံး၏ ၃၀-၄၀ရာခိုင်နှုန်း နီးပါးသည် ကလေးငယ်များဖြစ်ကြောင်း စစ်ဘက်ဆရာဝန်တစ်ဦး ပြော


နယူးယောက်၊ အောက်တိုဘာ ၁၃

ဂါဇာကမ်းမြှောင်တွင် တာဝန်ထမ်းဆောင်နေသော စစ်ဘက်ဆိုင်ရာ ခွဲစိတ်ဆရာဝန်တစ်ဦးက ဂါဇာကမ်းမြှောင်တွင် အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုအတွင်း ဒဏ်ရာရရှိသူများ၏ ၃၀ မှ ၄၀ရာခိုင်နှုန်း ကြားမှာ ကလေးငယ်များဖြစ်ကြောင်း ခန့်မှန်းသည်။

မကြာသေးမီက အစ္စရေးလေကြောင်းတိုက်ခိုက်မှုတွင် ဒဏ်ရာရသူ ၃၀ မှ ၄၀ ရာခိုင်နှုန်းကြားတွင် ကလေးငယ်များ ပါဝင်သည်” ဟု ဗြိတိန်-ပါလက်စတိုင်း ခွဲစိတ်ဆရာဝန် Ghassan Abu-Sittah က CNN သတင်းဌာနကို ကိုးကား၍ ပြောကြားခဲ့သည်။

ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Ashraf Qudra က ဂါဇာကမ်းမြောင်ဒေသရှိ ကျန်းမာရေးစောင့်ရှောက်မှုစနစ်သည် နယ်မြေအတွင်း အစ္စရေး၏တိုက်ခိုက်မှုကြောင့် ပြိုကျလုနီးပါးဖြစ်နေပြီဟု ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။

ဂါဇာကမ်းမြှောင်ကနေ အစ္စရေးကို ဟားမတ်စ်စစ်သွေးကြွတွေ စိမ့်ဝင်ဝင်ရောက်လာပြီးနောက် အရှေ့အလယ်ပိုင်းမှာ တင်းမာမှုတွေ ပြန်လည်မြင့်တက်လာခဲ့ပါတယ်။ ပါလက်စတိုင်း ဟားမက်စ်လှုပ်ရှားသူများက ၎င်းတို့၏တိုက်ခိုက်မှုသည် ဂျေရုဆလင်မြို့ရှိ Al-Aqsa ဗလီကို အစ္စရေးအာဏာပိုင်များ၏ လုပ်ရပ်အတွက် တုံ့ပြန်မှုအဖြစ် ဖော်ပြခဲ့သည်။ အစ္စရေးက စစ်ပွဲအတွက် အဆင်သင့်ဖြစ်နေပြီဟု ကြေညာကာ ဂါဇာကမ်းမြောင်ဒေသကို လုံးဝပိတ်ဆို့ကြောင်း ကြေညာခဲ့သည်။ ပါလက်စတိုင်းနယ်မြေအပြင် လက်ဘနွန်နှင့် ဆီးရီးယားရှိ အချို့နေရာများတွင်လည်း တိုက်ခိုက်မှုများ စတင်လုပ်ဆောင်ခဲ့သည်။ အနောက်ဘက်ကမ်းမှာလည်း တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။ ပါလက်စတိုင်းဘက်တွင် ၁,၅၀၀ ကျော် သေဆုံးပြီး ၇,၂၀၀ ကျော် ဒဏ်ရာများ ရရှိခဲ့သည်။ အစ္စရေးဘက်တွင် သေဆုံးသူ ၁,၅၀၀ ခန့်ရှိပြီး လူ ၄,၀၀၀ နီးပါး ဒဏ်ရာရရှိခဲ့သည်။


Ref - ။ TASS

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)