ဆားဘီးယားခေါင်းဆောင်က တရုတ်သမ္မတနဲ့ ဆွေးနွေးပြီး ရုရှားသမ္မတပူတင်နဲ့ တွေ့ဆုံဖို့ မျှော်လင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆားဘီးယားခေါင်းဆောင်က တရုတ်သမ္မတနဲ့ ဆွေးနွေးပြီး ရုရှားသမ္မတပူတင်နဲ့ တွေ့ဆုံဖို့ မျှော်လင့်


ဘယ်လ်ဂရက်၊ အောက်တိုဘာ ၁၃

ဆားဘီးယားသမ္မတ အလက်ဇန်းဒါးဘူဇစ် က တရုတ်သမ္မတ ရှီ နဲ့ တွေ့ဆုံမှာဖြစ်ပြီး ဘေဂျင်းမှာ ပြုလုပ်မယ့် One Belt - One Road ဖိုရမ်မှာ ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့လည်း တွေ့ဆုံဆွေးနွေးနိုင်ဖို့ စဉ်းစားထားတယ်လို့ ပြောပါတယ်။

"ကျွန်တော် တနင်္ဂနွေနေ့မှာ တရုတ်နိုင်ငံကို ထွက်ခွာမှာဖြစ်ပြီး တနင်္လာနေ့ ဒါမှမဟုတ် အင်္ဂါနေ့မှာ တရုတ်သမ္မတ ရှီ နဲ့ အပြန်အလှန် တွေ့ဆုံဆွေးနွေးဖို့ရှိပါတယ်" ဟု ဘူဇစ် က TV Prva သို့ ပြောကြားခဲ့ပါတယ်။

ရုရှားသမ္မတပူတင်နှင့် တွေ့ဆုံဆွေးနွေးရန် အစီအစဉ်မှာ ယခုအချိန်အထိ သဘောတူညီမှုမရရှိသေးသော်လည်း အခမ်းအနားအတွင်း ဆွေးနွေးခွင့် ရလိမ့်မည်ဟု သူက မျှော်လင့်နေပါတယ်။

“သမ္မတပူတင်နဲ့ နှစ်ဖက်တွေ့ဆုံဆွေးနွေးဖို့ စီစဉ်ထားတာ မရှိပေမယ့် ဖိုရမ်အတွင်းမှာ အချင်းချင်းတွေ့မယ်လို့ ယုံကြည်ပါတယ်” ဟု ဆားဘီးယားခေါင်းဆောင်က ပြောကြားခဲ့သည်။

One Belt, One Road ဟုလည်းသိကြသည့် တရုတ်အခြေခံအဆောက်အအုံဆိုင်ရာ ညီလာခံအတွက် ဘေဂျင်းသို့လာရောက်ရန် တရုတ်သမ္မတ၏ ဖိတ်ကြားချက်ကို လက်ခံခဲ့ကြောင်း ရုရှားသမ္မတက အစောပိုင်းတွင် ပြောကြားခဲ့သည်။ ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်ကော့ က သမ္မတ၏ တရုတ်နိုင်ငံသို့ သွားရောက်မည့် ရက်စွဲကိုမူ မသတ်မှတ်ထားကြောင်း ပြောကြားခဲ့သည်။ ပူတင်သည် ဖိုရမ်ကျင်းပစဉ်အတွင်း ရှီကျင့်ဖျင်နှင့် တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားသည်။

One Belt - One Road ပဏာမခြေလှမ်းသည် နိုင်ငံများစွာပါဝင်သည့် စီးပွားရေးနှင့် ကုန်သွယ်မှု ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများကို မြှင့်တင်ရန် ၂၀၁၃ ခုနှစ်တွင် ရှီကျင့်ဖျင်က အဆိုပြုခဲ့သည်။ နိုင်ငံပေါင်း ၁၅၀ ကျော်နှင့် နိုင်ငံတကာ အဖွဲ့အစည်းများ ပူးပေါင်းပြီးဖြစ်သည်။


Ref - ။ TASS

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)